ကျွန်တော်ကို
ဘုန်းကြီး တစ်ပါးက ဖုန်းဆက်တယ်ဗျာ... အကြောင်းကတော့ ဒါကာရေ ဘုန်းကြီး
တစ်ပါး အကြောင်းပါတဲ့။။ မလေးရှားမှာ ရှိတဲ့ ဘုန်းကြီးတွေကို
အပုတ်ချချင်တာလား?.. တိုက်ခိုက်ချင်တာလား မသိဘူးတဲ့... ဒါကာတော်
ကြည့်ချင်ရင် ဦဇင်း အဲဒီ
လင့် ကို ပို့ပေးမယ်
ဆိုပြီး ဖုန်းဆက် ပြောပါတယ်.. ဒါနဲ့ ကျွန်တော် သွားကြည့်လိုက်တော့
ဒေါက်တာချက်ကြီးကို ဘုန်းကြီးတစ်ပါးက တည်ထောင်ထားတယ် ဆိုပဲဗျ... ဒေါက်တာ
ချက်ကြီးက အပြာ တွေ ညစ်ညမ်း ဗီဒီယိုတွေ ဓါတ်ပုံတွေကိုသာ တင်လေ့ ရှိတယ်...
ဒါနဲ့
အကြောင်းစုံကို ကျွန်တော် အဲဒီဘလော့ဂ်မှာ လေ့လာလိုက်တော့ တင်ထားတဲ့ post က
အခု ဇွန်လမှ စတင်ပြီး တင်ထားတယ်.. post စုစုပေါင်းမှ ၃ ပုဒ်ပဲ
ရှိသေးတယ်... နောက် ထူးခြားတာ တစ်ခုက အဲဒီ အထဲမှာ ပါတဲ့ ဘုန်းကြီးရဲ့
ပုံရယ်.. လိပ်စာရယ် ဖုန်းနံပါတ်ရယ်က မှားနေတယ်ဗျ... ကျွန်တော်လည်း
သိချင်တာနဲ့ ဖုန်းဆက်ကြည့်ပါတယ်.. ဘုန်းကြီးရဲ့ ဘွဲ့ကလည်း အဲဒီ ဘွဲ့နံမည်
မဟုတ်ဘူး.. ပြီးတော့ ဘုန်းကြီးရဲ့ ဖုန်းကလည်း ပီနန်း နံပါတ်ကြီး
ဖြစ်နေတာရယ်.. လိပ်စာမှာလည်း ညာဏရောင်ခြည် ဓမ္မ၀ိဟာရကျောင်း ဘလက်ကောင်း
ကွာလာလမ်ပူ၊ မလေးရှား တဲ့... အဲဒီ ဘလက်ကောင်းမှာလည်း အဲဒီ ညာဏ ရောင်ခြည်
ဓမ္မဝိဟာရကျောင်းဆိုတာ အမှန်တကယ်ကို မရှိပါဘူး... ဘလက်ကောင်းမှာ နေ့တဲ့
သူငယ်ချင်းတွေကိုလည်း မေးကြည့်ပြီးပါပြီ... အဲဒီမှာ တစ်ခု ထူးခြားနေတာက
ညာဏရောင်ခြည် ဆိုပြီး စာလုံးပေါင်း သတ်ပုံ မှားနေတာကို တွေ့ရတယ်.. တကယ်တော့
ဉာဏရောင်ခြည် ဆိုပြီး စာလုံးပေါင်း သတ်ပုံ မှားနေတာကို တွေ့ရတယ်.. ဒေါက်တာ
ချက်ကြီးကို ဘလော့ဂ်မှာ လေ့လာကြည့်တော့ ဒေါက်တာ ချက်ကြီးက အဲဒီလို
စာလုံးပေါင်း သတ်ပုံ မမှားပဲ စာတွေကို သေချာ စည်းကမ်းရှိရှိ နဲ့ ရေးသား
တင်းပြထားတာကို တွေ့ရပါတယ်... အကယ်၍များ ဘုန်းကြီး ဖြစ်ခဲ့ရင်လည်း အခုလို
စာလုံးပေါင်း မမှားမှာတော့ သေချာတယ်... နောက်တစ်ခုကတော့ မွေးသက္ကရာဇ်မှာ
စနေသားဆိုပြီး ပြောထားတာ တွေ့ရတယ်ဗျာ... အဲဒီမှာ ဘွဲ့နံမည်ကတော့ အင်္ဂါသား
ဖြစ်နေတယ်... ဥပဇ္ဈာယ် ဆရာတော်က အဲဒီလိုချည်း ဘွဲ့နံမည်ကို မပေးတာ
သေချာတယ်.. အဲဒီတော့ အချုပ် ဆိုရရင် ဒီဘလော့ဂ်ကို ဒေါက်တာ ချက်ကြီး မလုပ်တာ
သေချာတယ်.. ပြီးတော့ ဘုန်းကြီး မဖြစ်နိုင်တာ သေချာနေတယ်...
အပုတ်ချချင်လို့ ဒီလို လုပ်တာ ဖြစ်ကြောင်း ထင်ရှားနေတယ်.. ဓါတိပုံကိုလည်း
google မှာ ရိုက်ရှာပြီး သုံးလို့ ရနေတာပဲလေ.. ဘုန်းကြီး ပုံကို ဒီပုံမှ
မဟုတ်... အများကြီး ရိုက်ရှာလို့ ရတာပါပဲ...
စာလုံးပေါင်း
သတ်ပုံတွေ ယှဉ်ကြည့်ရအောင်
ဒါက ဒေါက်တာ ချက်ကြီး ဘလော့ဂ်က
ကျွန်တော် ကော်ပီကူးလာတာ..
ကဲ ချက်ကြီး ဘယ်လို လုပ်ရမလဲ ။
ဒီဆိုဒ်မှာတင်ထားတဲ့
post တွေအားလုံးဟာ အွန်လိုင်းပေါ်ရောက်လာတဲ့ ဟာတွေချည်းပါပဲ။
ချက်ကြီးကိုယ်တိုင်ကင်မရာထမ်းပြီး
လိုက်ရိုက်ထားတာ တခုမှမရှိပါ။
အွန်လိုင်းပေါ်ရောက်ပြီးရင်တော့
ဒီမှာဖျက်လိုက်လဲ ဟိုမှာ သွားပေါ်နေမှာပဲ။
သူ မဟုတ်ဘူးလို့ တော့
ပြောတာပါပဲ။ သြော် ရှုပ်လိုက်တဲ့ အွန်လိုင်း။
တယောက်ယောက်က ကူးပြီး
ယူသွားလောက်ပါပြီ။
ပို့ ပေးတဲ့သူရဲ့  fw mail တွေကလဲ ဒီအတိုင်းမနေပါဘူး။
အစကထဲက
မရိုက်ရင် မရောက်နိုင်ပါခင်ဗျာ။
လောလောဆယ်တော့ ခဏဖျက်ပေးထားတယ်။
ပြန်တင်
/ မတင် စဉ်းစားရဦးမယ်။
---------------------------------------
ဒါက
ဒေါက်တာချက်ကြီး (ခ)ဦးညာဏသာရအား တွေ့ရစဉ်
ကိုယ်ရေးအကျဉ်း
ဘွဲ့တော်အမည်-------------ဦးညာဏသာရ
လူနာမည်-------------------ဦးစိန်အောင်ထွန်း
သက်တော်------------------
၃၉-နှစ်
သိက္ခာတော်-----------------၄-၀ါ
မွေးသက္ကရာဇ်--------------23-Apr-1971-
(saturday)
မွေးရပ်ဇာတိ--------------- ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၊
မိဘအမည်----------------
ဦးသာမောင်+ဒေါ်အုန်းမြိုင်
ပညာအရည်အချင်း-------- သီလပေး၊ရေစက်ချရဘို့
လေ့ကျင့်နေရဆဲ
အလုပ်အကိုင်---------------ဒေါက်တာချက်ကြီးဘလော့ဖွင့်၍
နိုင်ငံတကာရှိ ဒကာ၊
ဒကာမများအား
ဖျော်ဖြေပေးခြင်း
ကြီး ဆိုတဲ့ စာကို ပေါင်းတာတာကို သေချာ ကြည့်ပါ...
သူက ကြီး ဆိုပြီး ရိုက်ပေါင်းထားတာကို တွေ့ရတယ်..