Saturday, November 23, 2013

ရှာရှာဖွေဖွေ ဗဟုသုတများ

အရမ်းကောင်းတဲ့ နည်းလမ်းလေးပါ...
လူတိုင်းအိမ်မှာ ကြုံတွေ့ရမယ့်အခက်အခဲလေးကို ဒါမျိုးလေးဖြေရှင်းလိုက်ရင်အားလုံး အဆင်ပြေသွားမယ်..
ဖွင့်ရပိတ်ရလွယ်ကူတဲ့အပြင် လေမလုံဖို့ကိုလဲ စိတ်ပူစရာမလိုတော့ဘူးပေါ့..

(ဒါလေးကိုShare ပေးခြင်းဖြင့်နည်းလမ်းလေးကို မျှဝေပေးပါဦး) Thanks

အင်္ဂလိပ်စကားပြောနည်းလေးများ

ပြောနည်း၁၀၀ အခန့်သုံး/အရပ်သုံးအင်္ဂလိပ်စကားပြော

49. SOFTEN DISAGREEMENT သိမ်သိမ်မွေ့မွေ့သဘောမတူခြင်း

- I’m afraid
I'm afraid your models are a bit outdated.
အားနာပါတယ် ခင်ဗျားရဲ့နမူနာတွေဟာ နည်းနည်းတော့ ခေတ်တုံးနေပြီ။

- I’m sorry
I'm sorry but I can't agree with you.
စိတ်မရှိပါနဲ့ဒါပေမယ့် သဘောမတူနိုင်ဘူးဗျာ။

- Even though I respect your
Even though I respect your position I must dissent.
ခင်ဗျားရဲ့ရာထူး(နေရာ)ကိုလေးစားပေမယ့် ဆန့်ကျင်ရပါလိမ့်မယ်။

- I know you’ve tried your best
I know you've tried your best, but your assumptions are wrong.
ခင်ဗျားအကောင်းဆုံးလုပ်ခဲ့တာသိပါတယ်။ ဒါပေမယ့် ခင်ဗျားသုံးသပ်ချက်တွေဟာ မှားနေတယ်။

- It’s a great idea
It's a great idea but there's another way to do it.
ဒါတကယ်ကောင်းတဲ့အကြံပါ။ ဒါပေမယ့် ကျွန်တော်တို့မှာ တခြားနည်းလမ်းရှိပါသေးတယ်။

Read more - http://www.myanmar-network.net/forum/topics/10-1

ဆံကေသာကို နက်မှောင်ပြီး တောက်ပလာစေမယ့် လက်တွေ့နည်းများ


Sunday, November 24, 2013

ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းနေစေဖို့ အိမ်မှာပဲ ပြုလုပ်လို့ရတဲ့ လွယ်ကူတဲ့ နည်းလမ်း...တွေ ရှိပါတယ်။ သင့်အိမ်မီးဖိုချောင်မှ အလွယ်တကူ ရရှိနိုင်တာတွေကို အသုံးပြုပြီး သင့်ဆံပင်ကို သဘာဝအတိုင်း ဖြောင့်စင်းအောင် လုပ်ကြည့်ပါ။


နည်းလမ်း (၁)
~~~~~~~

- အုန်းသီးကိုခြစ်၊ အရည်ညှစ်ပြီး ရေခဲသေတ္တာထဲမှာ ၄၅ မိနစ်ကြာ ထည့်ထားပါ။

- အဲဒီနောက် ရေခဲသေတ္တာထဲက ထုတ်ပြီး အုန်းနို့အပေါ်ယံမှာ စုနေတဲ့ ခရင်မ်ကို ခပ်ယူပါ။

- အဲဒီခရင်မ်ထဲကို သံပရာအရည် သုံးစက်ထည့်ပြီး သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဦးရေပြားပေါ်လိမ်းပြီး ခေါင်းစွပ်စွပ်ထားပါ။

- တစ်နာရီလောက်ထားပြီးမှ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၂)
~~~~~~~~

- နွာနို့တစ်ခွက်ထဲကို ပျာရည်တစ်ဇွန်း ထည့်ပါ။

- စတော်ဘယ်ရီသီး အနည်းငယ်ကို ခြေထည့်ပြီး အားလုံးကို နှံ့အောင် သေချာစွာ ရောမွှေပေးပါ။

- ရလာတဲ့ အရောအနှောကို ဆံပင်ပေါ် သုတ်လိမ်းပြီး အခြောက်ခံထားပါ။

- နှစ်နာရီကြာတဲ့အခါ ရှမ်ပူနဲ့ ခေါင်းလျှော်ပေးပါ။

နည်းလမ်း (၃)
~~~~~~~~

- နွာနို့က ဆံပင်ဖြောင့်စင်းဖို့အတွက် အလွန်အသုံးဝင်ပါတယ်။ နွားနို့ကို ဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ပြီး ဆံပင်ပေါ်ကို ဖျန်းပေးပါ။

- အဲဒီနောက် ဆံပင်ကို ရှမ်ပူနဲ့ လျှော်ပါ။

- ဆံပင်တွေ ရေစိုနေတုန်းမှာ ညင်သာစွာ ဘီးနဲ့ဖြီးပါ။

နည်းလမ်း (၄)
~~~~~~~~

- သံလွင်ဆီကို အနည်းငယ် အပူပေးပြီး ဆံသားအားလုံးအနှံ့ လိမ်းပေးကာ ဦးရေပြားကို ညင်သာစွာ နှိပ်နှယ်ပေးပါ။

- အဲဒီနောက် တဘက်နဲ့ ခေါင်းပေါင်းပြီး နာရီဝက်ကြာမှ ခေါင်းလျှော်ပါ။

- ဆံသားကို တောက်ပြောင်စေရုံ သာမက အရှည်မြန်စေပါတယ်။

ဒီနည်းလမ်းတွေထဲက တစ်ခုကို စွဲစွဲမြဲမြဲ လုပ်ပေးပါက ဆံသားဖြောင့်စင်း စေပါတယ်။

Thanks to ချိုးငှက်

Zuri's Beauty Hub
မြ၀တီ