Monday, February 10, 2014

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်

လေဖြတ်မည့် ရှေ့ပြေး လက္ခဏာ (၁၀)ချက်
========================
၁။ ဦးခေါင်းနောက်စေ့တွင် ခေါင်းကိုင်ခြင်း၊ မကြာခဏ မူးဝေခြင်း။
(Sub occipital headache)

၂။ ခြေ,လက်တို့တွင် မကြာခဏ ကျဉ်ခြင်း၊ ကိုယ်လက် လေးလံထိုင်းမှိုင်းခြင်း။
(Tingling sensation of limbs)

၃။ မျက်ခွံနှင့် မျက်နှာကြွက်သားတို့ ဆတ်ခနဲလှုပ်ခြင်း၊ အသားကွက်၍ တဆတ်ဆတ်လှုပ်ခြင်း။
(Fluttering or Tic of eyelids and facial muscles)

၎။ မကြာခဏ ဝမ်းချုပ်ပြီး ဗိုက်တွင်လေပွနေခြင်း။
(Occassional constipation and fluctuation)

၅။ ညအိပ်ချိန် ကျဉ်ထုံခြင်း လန့်နိုးခြင်း။
(Tingling and numbress of limbs during sleep)

၆။ ဆီး အနီရောင်သွားခြင်း။
(Redness discolouration of urine)

၇။ ပစ္စည်းများကိုင်လျှင် မမြဲခြင်း၊ မကြာခဏ လွတ်ကျတတ်ခြင်း။
(Freguent fall down of objects when bandling)

၈။ ဘယ်ဘက်လက် ကိုက်ခဲပြီး လက်မတွင် ထုံခြင်း၊ ဘယ်ခြေဆွဲခြင်း။
(Tingling and aching sensation of left upper limbs, thumb and lower limbs)

၉။ အမျိုးသားများ အသက် ၄၅-နှစ်ကျော်လျှင် ရက်ရှည် ခြေ,လက် ထုံကျဉ်ခြင်း။
(Male over 45yrs,numbers sensation longtime)

အမျိုးသမီးများ သွေးဆုံးချိန်တွင် ခြေ,လက်များ ထုံကျဉ်ခြင်း။
လက်ညှိုး၊ လက်ခလယ် ကွေးရာမှ ချက်ချင်းဆန့်မရခြင်း။
(Numbness sensation during menolpasuse)

၁၀။ ရေချိုးပြီးလျှင် မျက်စိများ ကြာမြင့်စွာ နီရဲခြင်း။
(Redness of eye after bath (or) Conjunctivities after bath)

ကြိုတင်သိရှိပြီး လူသားများအားလုံး လေဖြတ်ခြင်း မှ ကာကွယ်နိုင်ကြပါစေ။

ဧရာဝတီ Blog

Ref; Zin Yaw News

Credit to ကျန်မာရေး ဆိုင်ရာ ဗဟုသုတများ
===================================
လွင်သန္တာစိုး မီဒီယာမှ
စိတ်ဝင်စားဖွယ် အရေးကြီး သတင်းများ၊နည်းပညာ အသစ်များ၊အထွေထွေဗဟုသုတဖြစ် ဖွယ်စသည့် အကြောင်းအရာများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက http://www.facebook.com/lwinthandarsoe ကို Like
လုပ်ထားပေးပါရန်

C8813 ကို (GSM/CDMA) နှစ်မျိုးလုံး သုံနိုင်တဲ့နည်းလမ်း...

C8813 ကို (GSM/CDMA) နှစ်မျိုးလုံး သုံနိုင်တဲ့နည်းလမ်း...



1500 တန် CDMA မဲပေါက်တဲ့အခါ Handset ၀ယ်ဖို့စဉ်းစားပါတယ်။ ဟိုမေးဒီစမ်းနဲ့ နောက်ဆုံး Huawei C8813 ၀ယ်ဖြစ်ပါတယ်။ အဖြူရောင်ဆိုတော့ ၁၁၅၀၀၀ိ ပါ။ CDMA Only (single SIM)ပါ။ မှန်အကျယ် ၄.၅ လက်မ၊ Processor 1.2 Dual Core, Internal Memory 1Gb ဆိုတော့ အလယ်အလတ် Spec ပေါ့ဗျာ။ သုံးကြည့်တော့ Touch တော်တော်ကောင်းပါတယ်။ Process Time လည်းနည်းပါတယ်။

ကင်မရာကလည်း 5Mp ဆိုပေမယ့် ညဖက်တွေရိုက်တဲ့အချိန်မှာ သာမန်အလင်း(မီးချောင်း)နဲ့တောင် ပြတ်ပြတ်သားသား ထင်ထင်ရှားရှား ရိုက်လို့ရပါတယ်။ Sony Xperia S နဲ့ယှဉ်ရိုက်တော့ ထွက်လာတဲ့ပုံချင်း(သာမာန်အားဖြင့်တော့) သိပ်အကွာကြီးမဖြစ်နေပါဘူး သူ့ရဲ့ကောင်းတဲ့အ ချက်တွေပြောပြီးတော့ မကြိုက်တဲ့အချက်တွေပြောပါဦးမယ်။ ကျွန်တော်က MEB Talk သုံးပါတယ်။ နိုင်ငံခြားကိုဖုန်းခေါ်ဖို့ပါ။ ဒီ Software က 8813 မှာ ကောင်းကောင်းအလုပ်မလုပ်ပါဘူး။ စကားပြောလို့မရပဲ Register ပြန်ပြန်လုပ်နေပါတယ်။

နောက်တစ်ခုက PES 2012 ဘောလုံးဂိမ်းဆော့လို့မရပါဘူး (8813D လည်းမရပါ)။ ဒီဖုန်းထက် Spec နိမ့်တဲ့ဖုန်းတွေမှာတောင်ေ ဆာ့လို့ရနေရဲ့သားနဲ့ ဒီဖုန်းကျမှမရတာပါ။ နောက်တစ်ခုက Compass အလုပ်မလုပ်ပါ(ဒါကတော့ ROM နှင့်မဆိုင်ပါ)။ ထိုအချက်များကြောင့် ကျွန်တော် 8813 ကိုမကြိုက်တော့ပါဘူး။

ROM Change ရင်ရောအဆင်ပြေမလားတွေးရင်း ROM အမျိုးမျိုးပြောင်းစမ်းပါတယ်။ Bootloader Unlock Code တောင်းရပါတယ်။ ပထမဆုံးတော့ Original ROM ကို Backup ထားရပါတယ်။ SIII ROM ဆိုတာတင်ကြည့်ပါတယ်။ ဘာမှမထူးပါဘူး UI ပြောင်းသွားတာပဲရှိပါတယ်။
4.2.2 ROM တစ်ခုရလို့ ပြောင်းကြည့်တော့ ဖုန်းလိုင်းပျောက်သွားပါတယ်။ (8813 ROM တွေက Radio (baseband)ကိုပါ ပြောင်းပေးပုံရပါတယ်)။

ဒါပေမယ့် 4.2.2 မှာ PES 2012 တင်ပြီးဆော့လို့ရပါတယ်။ လိုက်ရှာရင်းနဲ့ နောက်ဆုံး MIUI ROM ကိုသွားတွေ့ပါတယ်။
Android version က 4.1.1 ပါ။



အားလုံးထက် ပိုကောင်းတဲ့အချက်က CDMA တစ်မျိုးသုံးကို GSM ပါသုံးလို့ရအောင်ပြောင်းပေးပါတယ်။
 
ပုံမှာတော့ Launcher ပြောင်းထားလို့နှစ်ခုမတူပါ။

SIM Card ပေါက်ကတော့ တစ်ပေါက်ထဲပါ။ ဒါပေမယ့် စက်မပိတ်ခင်မှာ ကိုယ်သုံးချင်တဲ့ SIM အမျိုးအစား(CDMA/GSM)ကို သတ်မှတ်ပေးလိုက်ပါ။ ပြီးတော့ SIM ကိုလဲပြီးသုံးလိုက်ရုံပါပဲ။
(*#*#4636#*#* နဲ့ပြောင်းရတာမဟုတ်ပါဘူး၊ ဖုန်းထဲမှာပါပြီးသားပါ Setting>Additional>Main Network မှာ GSM or CDMA ပြောင်းပြီး Restart ချရုံပါပဲ။



Network Change တာကို SIM ပြောင်းသုံးခါနီးမှလုပ်ရတာပါ၊ နောက်ထပ် ပြန်မပြောင်းသမျှ ဘာမှထပ်လုပ်စရာမလိုပါဘူး Restart, Power Off ဘာလုပ်လုပ် ပြန်မပြောင်းသွားပါဘူး)
နှစ်မျိုးစလုံးမှာ အင်တာနက်သုံးလို့ရပါတယ်။ APN Setting ကိုတော့ သက်ဆိုင်ရာ APN ပြောင်းပေးရပါမယ်။
WCDMA ထည့်ရင်တော့ EDGE Network နဲ့ပဲအလုပ်လုပ်ပါတယ် (HSPDA မရပါဘူး) ဖုန်းပြောရတာတော့ အဆင်ပြေပါတယ်။

နောက်ပြီး ကိုယ်သုံးနေတဲ့ Internet Download Speed ကိုလည်း Notification Bar မှာ ပြခိုင်းလို့ရပါတယ်။


Battery Level ကို Percent နဲ့ပြပေးပါတယ်။
တခြားအားသာချက်သေးသေးလေးတွေအများကြီးရှိပါသေးတယ်(ဥပမာ ဖုန်းနံပါတ်တွေနှိပ်ရင် စန္ဒယားသံထွက်တာတို့၊ Music Player မှာ ဖုန်းကိုလှုပ်လိုက်တာနဲ့
အပုဒ်ကျော်ပေးတာတို့ စသည်ဖြင့် ....)

C8813 ကို MIUI ROM ပြောင်းလိုက်ခြင်းဖြင့် ကျွန်တော်တွေ့သလောက်တော့ Error မရှိပါ။ Face Unlock အတွက်တော့ application မပါပါ။ မူရင်း ROM မှ
Face Unlock နှင့်အဆင်မပြေပါ။ ထိုအချက်ကို Error ဟုမသတ်မှတ်လိုပါ။ (ROM ပြောင်းလျှင်ဖြစ်တတ်သော Camera, Wifi, Wifi Tether, Bluetooth, Bluetooth Tether
အဆင်မပြေခြင်းများမရှိပါ)။ MIUI version က 3.7.5 ပါ။

ဖိုင်ပမာဏ 232.451 မီဂါဘိုက်ရှိပါတယ်။  (ယခုပြောပြထားတာတွေဟာ ဖုန်းကို ကိုယ်တိုင် ROM change ဖူးတဲ့အတွေ့အကြုံရှိသူတွေကိုသာ ရည်ရွယ်ပြီးပြောပြတာပါ၊ ဘာမှမလုပ်ဖူးရင်တော့
မစမ်းကြည့်တာအကောင်းဆုံးပါ။ နောက်တစ်ခုက ROM မပြောင်းခင်မှာ Original Huawei Emotion Icon C8813 ROM ကို Backup လုပ်ထားစေချင်ပါတယ်။
အဆင်မပြေရင်ပြန် restore လုပ်လို့ရအောင်လို့ပါ)

Click Here Download Link
တရုတ်စာတွေနဲ့ အောက်နားလေးမှာ Box သုံးခုရှိပါတယ် မြှားလေးအောက်ဆိုဒ်နေတာလေးကို နှိပ်ပြီး ဒေါင်းယူနိုင်ပါပြီ 
credit to Ye Win Aung 
http://lwanmapyay.blogspot.com/

အထိရောက်ဆုံး ကျား မ မရွေး ဆီကျ ၊ ပိန် ၊ ကျစ် စေနည်း

အထိရောက်ဆုံး ကျား မ မရွေး ဆီကျ ၊ ပိန် ၊ ကျစ် စေနည်း
Sunday, February 9, 2014

ဒီနည်းလေးဟာ အင်မတန်မှလွယ်ကူပြီး အဆီကျဖို့ ပိုမိုထိရောက်တဲ့ သဘာဝနည်းလေးတစ်ခုပါ။
တစ်နေ့ သုံးကြိမ်သောက်သုံးရုံဖြင့် ၅ရက်အတွင်း အာနိသင်ပြနိုင်မှာဖြစ်ပြီး အဆီတွေကို သဘာဝနည်းနဲ့ ကျစေတဲ့ နည်းလေးမို့ မနုဿ က အားလုံးအတွက် တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းတွေကတော့ - ပျားရည်စစ်စစ်ရယ်၊ ရှာလကာရည်အဖြူရယ် နှစ်မျိုးတည်းပါပဲ ။

အသုံးပြုနည်းကတော့ - ဆေးတစ်ဖုံစာအတွက် ရှာလကာရည် ၄ဇွန်း ၊ ပျားရည် ၁ ဇွန်း ( 4 :1 လက်ဘက်ရည်ဇွန်းဖြင့် ချိန်တွယ်ပါ ။ )

သောက်သုံးချိန်တွေကတော့ - မနက်စာ မစားခင် တစ်ဖုံသောက်သုံးပေးပါ။
နေ့လည်စာ စားပြီး တစ်ဖုံသောက်ပေးပါ။
ညစာ စားပြီးချိန်တွင် တစ်ဖုံသောက်ပေးပါ။

တစ်ချို့တွေကတော့ အရသာမကြိုက်တာတွေဘာတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ပိန်ချင်လှချင်သူတွေအတွက် သည်းခံပြီးသောက်သုံးပေးကြပါနော်။
သူငယ်ချင်းတစ်ယောက်ဆိုရင် တစ်လအတွင်း ၄ ပေါင် ၅ ပေါင်လောက်ကျသွားတယ်ဆိုပဲ။ အားလုံး စမ်းကြည့်လိုက်ကြနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကိုလည်း ဆက်လက်ဝေမျှပေးလိုက်ပါဦးနော်။ ပိန်လို့လှသွားရင် ဟောဒီက မနုဿ ကိုလည်းမမေ့နဲ့နော်။

ချစ်တဲ့ ....မနုဿ
မနုဿ ရဲ့ စာမျက်နှာလေးများ

GSM , WCDMA , CDMA , 1500 တန် CDMA 800 ဖုန်းအားလုံးအတွက် Internet Setting ချိန်နည်းများ

GSM , WCDMA , CDMA , 1500 တန် CDMA 800 ဖုန်းအားလုံးအတွက် Internet Setting ချိန်နည်းများ

 http://pthaw.blogspot.com
1.GSM Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။


Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။

1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။

ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် - ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။

2.CDMA 800 Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - CTNET
APN - #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - Yekyawphyo@c800.mm (Yekyawphyo ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)
Password - မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါ။
Server - ဘာမှ မထည့်ပါနဲ့။
Authentication type - PAP or CHAP
APN type - Default
APN protocol - IPv4
APN Roaming protocol - IPv4
Bearer - Unspecified
Data Bearer - Package Data
Prompt password - #777

ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ......ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။ ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။ အားလုံးပဲ အဆင်ပြေကြပါစေနော်။

3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက်

1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။

Name - Mectel (or) Card
APN  -  #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer - မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။ Connection name တောင်းခဲ့ရင် mectel ပါနော်။
ဒါလေးကတော့ Myanmar Mobile User Group က မျှဝေထားတာလေးပါ... တလက်စတည်း Share ပေးလိုက်ပါတယ် .....
Myanmar Mobile Application Store ရဲ့ facebook Mobile Group ဖြစ်တဲ့ Myanmar Mobile Users Group မှာ တင်ထားတဲ့ GSM အမျိုးအစား Android ဖုန်းများတွင် 3G Internet Setting ထည့်နည်းကိုပြန်လည်ဝေမျှပေးလိုက်ပါတယ်။ အခု GSM ဖုန်းအားလုံးမှာ အင်တာနက်သုံးလို့ရပြီဆိုတော့ GSM အမျိုးအစား Android ဖုန်းများတွင်...
GSM ဖုန်းများ အင်တာနက်သုံးရန် Setting ချိန်နည်း ( Android )
ပထမဦးစွာ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြေင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – ဒီအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးလို့ပြောတာ )
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ

ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
နောက်တစ်ဆင့်က
၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ချက်လိုက်ပါ..

ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ
မပေါ်လာပါက ဖုန်းကို ပါဝါ ပိတ်ပြီးပြန်ဖွင့်ပါ ….
အဆင်ပြေကြပါစေ …ကျေးဇူးတင်ပါတယ်..

1500 တန် CDMA ဖုန်းများအတွက် Internet Setting ထည့်နည်း

Myanmar Mobile App Store ကနေကူးယူဖော်ပြလိုက်ပါတယ်။ 1500 တန်ဖုန်းတွေမှာ အင်တာနက် Setting ထည့်သွင်းနည်းပါ။ မသိသေးသူများအတွက် ရည်ရွယ်ပါတယ်။ Android ဖုန်းတွေအတွက် Setting ချိန်နည်းဖြစ်ပါတယ်။ သိပြီးသားလူတွေအတွက်ကတော့ ကျော်သွားလိုက်ပေါ့နော်။ :D
Internet Setting ထည့်နည်း
၁ – ဖုန်းရဲ့ Setting ထဲကိုဝင်ပါ
၂ – Wireless & networks ထဲဝင်ပါ (သို့မဟုတ်) Android version 4.0 နှင့်အထက်ဖုန်းများဖြစ်ပါက Wireless & Network ကဏ္ဍအောက်က More… ထဲသို့ဝင်ပါ။
၃ – Mobile networks ထဲကိုဝင်ပါ
၎ – Access Point Names ကိုဝင်ပါ
၅ – Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ
၆ – အောက်ပါအတိုင်းလိုက်ဖြည့်ပါ
Name – မိမိနှစ်သက်ရာ ( ကြိုက်တဲ့နာမည်ပေးပါ။ ဥပမာ – mectel )
APN – #777
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mectel@c800.mm
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port -ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
ဒါတွေအားလုံးပြီးသွားရင် menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်ပါ
ဒါဆိုရင် အင်တာနက် setting ထည့်ခြင်းအဆင့်ပြီးပါပြီ။
ဖုန်းအင်တာနက်ကွန်နက်ရှင်ကိုဖွင့်နည်း

 ဖုန်းကနေ အင်တာနက်စတင်သုံးစွဲမယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရုံပါပဲ။
 ၁ – setting ကိုဝင်
၂ – Wireless & Networks ထဲကိုဝင်
၃ – Mobile Network ထဲကိုဝင်
၎ – Data Enable ကို အမှန်ခြစ်ပေးလိုက်ပါ
ဒါဆိုရင် သင့်ဖုန်းရဲ့ Notification Bar ( အပေါ်ဘက် လိုင်းအားပြသောနေရာ နံဘေး) တွင်
အပေါ်တက်အောက်ဆင်း မြှားလေးတစ်ခုပေါ်လာပါ့မယ် အင်တာနက်စသုံးလို့ရပါပြီ။ 
Credit : IT Bank (Yekyawphyo) မှကူးယူဖော်ပြပါသည်

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်

ဈေးသက်သာ ဟန်းဆက် အသုံးပြုသူများ သိထားရန်

ဈေးသက်သာ ဟန်းဆက်များကို အသုံးပြုခြင်းဖြင့် လိုင်းစွဲအား ကောင်းတာ ကိုပဲ သိထားကြပြီး အများစုက သူ့ဆီက ပါလာမယ့် ဆိုးကျိုးအကျိုးဆက်ကို သိမထားပါဘူး။ အဲ့ဒီအကျိုးဆက်များထဲကနေ ကျန်းမာရေးကို ထိခိုက်စေ တာက အဆိုးဆုံးပဲ ဖြစ်ပါတယ်။ SAR လို့ခေါ်တဲ့ အချက် တစ်ခုပါ။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင် power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက် ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက် ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ်ပြည်က လာတဲ့ ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့ ကုန်ကြမ်းများက SAR Rating နဲ့ ပက်သက်လို့ သေချာ ဖန်တီး၊ဆောင်ရွက်မှု မရှိပါဘူး။ အားလုံးကို မဆိုလိုပါ။ ဈေးနှုန်းနိမ့် ဖုန်းများ၊ ကလုန်းများ ဖြစ်ပါတယ်။ ကုန်ကြမ်း ပေါပေါ သီသီ ရှိတော့ Apple က iPhone 6 စတင်မိတ် ဆက်ပြီး နောက် ၁ ရက်ဆို တရုတ် တရုတ်တို့က ဆင်တူနီးပါး အတုကို ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် အတွင်းက ပစ္စည်းများအတွက် ကျန်းမာရေးနဲ့ ပက်သက်တဲ့ အာမခံချက် သိပ်မရှိပါဘူး။

SAR Rating မြင့်တော့ ဘာဖြစ်လဲလို့ အချို့ ကမေးကြပါလိမ့်မယ်။ ဟုတ်ကဲ့။ သူက ဦးနှောက်ကင်ဆာဖြစ်စေ ပါတယ်။ ဘော်ဒီတစ်ရှူး များကို ရေဒီယို လှိုင်း များ တိုက်ရိုက်ထိတွေ့မှုကြောင့် တစ်ရှူးများ သေစေပါတယ်။ ဒီတော့ ဆိုးကျိုးက ခဏသုံးလို့ ဘာမှ မဖြစ်ပေမယ့် ရေရှည်ကျရင် စကားပြောလာ ပါလိမ့်မယ်။ ဖုန်းတစ်လုံးကို တစ်နှစ်သုံးတယ်ပဲထား။ ယင်း ဖုန်းကို တစ်နှစ်လုံး အိပ်ထဲထည့်၊ သွားလေရာသယ်၊ အိပ်ယာဘေးထား အိပ်၊ နေ့မအား၊ ညမနား ပြော၊ ဖြစ်လာမယ့် ဆိုးကျိုးက မတွေးရဲစရာပါပဲ။

SAR နဲ့ Connectivity က တိုက်ရိုက်အချိုးကျပါတယ်။ လိုင်းဆွဲ အား ကောင်းလေလေ SAR များလေလေ၊ လိုင်းဆွဲအား နည်းလေလေ SAR နည်းလေလေလေ ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ခေတ် နောက် ဆုံး ပေါ် စမတ်ဖုန်းများက မော်ဒယ်နိမ့် ကီးပတ်ပါ စမတ်ဖုန်းများလောက် အများ အားဖြင့် လှိုင်းဆွဲအား မကောင်းခြင်း ဖြစ်ပါ တယ်။

ဥပမာ Samsung Galaxy Note 2 ဆိုရင် သုည ဒသမ နောက်မှာပဲ ရှိပါ တယ်။ ခေါင်း ကို 0.17, ဘော်ဒီကို 0.95 W/Kg ပဲ ရှိပါတယ်။ ဖုန်းကို လက်က ကိုင်ပြောပေမယ့် ခေါင်းနဲ့ ကိုယ်ကို ဝင်တဲ့ SAR တွက်ချက်ပုံ ကလည်း မတူသေးပါဘူး။ effect ကလည်း ကွဲပြားနေလို့ ဖြစ်ပါတယ်။

ဒီတော့ ဖုန်းဝယ်ရင် ယုံကြည်စိတ်ချရတဲ့ ကမ္ဘာသုံး Brand များကို သာ ရွေးချယ်လို့ ဝယ်သင့်ပါတယ်။ ဈေးမသက် သာရင်တောင် ဈေးမကြီးတဲ့ ဖုန်းတွေ အများကြီး ရှိပါတယ်။ ဥပမာ နိုကီယာ၊ ZTE အပြင် အခြားသော Brand အချို့လည်း ဈေးနည်းဖုန်း ဈေးကွက် အတွက် ဖုန်းများထုတ်ပါသေး တယ်။

ဒီလောက်ဆိုရင် SAR အကြောင်းကို သိလို့ စာဖတ်သူတို့ ဆင်ခြင် နိုင်မယ် လို့ မျှော်လင့်ပါတယ်။
--
အောင်ခမ်း (ရိုးရာလေး) မှကူးယူဖော်ပြပါသည်