က - ကိုယ့်ရင်ထဲက စကားလေးတစ်ခွန်း မင်းကို သိစေချင်တာပါ ...
ခ - ချစ်တယ်ဆိုတဲ့ စကားကိုပေါ့ ...
ဂ -(ကိန်း) ဂဏန်းရာထောင်ချီတဲ့ ကြယ်စင်တွေလောက် မင်းကို ကိုယ် ချစ်တယ် ....
ဃ - ဃောသ အက္ခရာကို နားမလည်ပေမယ့် မင်းကို ချစ်တဲ့ မေတ္တာတရားအတိမ်အနက်ကို နားလည်ခဲ့တယ်...
င - ငြိမ်းချမ်းမှုတွေပေးတဲ့ မင်းမျက်ဝန်းကို ကိုယ် တမ်းတတယ်...
စ - စူးရှတဲ့ မင်းအကြည့်အောက်မှာ ကိုယ့် နှလုံးသားစုံးစုံးမြုပ်ခဲ့ရတာပါ ...
ဆ - ဆန်းပြားတဲ့ မင်းအလှမှာ စကားလုံးတွေဆွံ့ အ လောက်အောင် ရင်ခုန်သံတွေမြန်နေခဲ့တယ်...
ဇ - ဇွတ်တရွတ်နိုင်တဲ့ ကိုယ့် ဘ၀မှာ မင်းဟာ အလင်းရောင်ပါ...
ဈ -ဈာန်ရပုဂ္ဂိုလ် မဟုတ်တဲ့ အတွက် မင်းကို ချစ်မိတာ အပြစ်တစ်ခု ကျူးလွန်တယ်လို့ ကိုယ် မထင်ဘူး...
ည -ညုတုတု ခရာတာတာ ညာဝါဖြန်းသန်းတဲ့ ရည်းစားစကားမပြောတတ်လို့ ဒီစာကို ရေးရတာပါ...
ဋ - ဋီကာကျော်ကျမ်းပေါင်းများစွာထဲက အချစ်ရဲ့ ဖွင့်ဆိုချက်တွေ ကိုယ် မသိဘူး...မပြောတတ်ဘူး ...
ဌ -ဌာန်ကရိုဏ်းကျကျပြောတတ်တဲ့ စကားက " မင်းကို သိပ်ချစ်မိပြီ "ဆိုတဲ့ အကြောင်းပါပဲ...
ဍ - ဍ ရင်ကောက်လို ပုံဆိုးပန်းဆိုး အချစ်မျိုးလည်း ဖြစ်ချင်ဖြစ်မယ် ...
ဎ - ဎရေမှုတ်လို ပုတ်ပြတ်ပြတ် အချစ်မျိုးလည်း ဖြစ်ချင်ဖြစ်နေမယ်...
ဏ -ဏကြီးအက္ခရာလို အချိုးညီတဲ့ အချစ်မျိုးလည်း ဖြစ်ချင်ဖြစ်မယ်...
တ -တထစ်ချ တိကျစွာ ပြောနိုင်တာက ကိုယ် မင်းကို တယုတယ မြတ်နိုးတွယ်တာမိနေပြီ...
ထ -ထပ်တလဲလဲ ချစ်တဲ့အကြောင်းတွေပြောနေလို့ စိတ်မညစ်ပါနဲ့ နော်...
ဒ - ဒဏ္ဍာရီထဲက ဒဿဂီရိလို အချစ်လူကြမ်းကြီး မဟုတ်ပါဘူး..ဒါပေမယ့် ၊
ဓ - ဓားစာခံဖြစ်သွားတာက မင်းအကြည့်နဲ့ ကိုယ့် နှလုံးသားပဲ...
န - နားမလည်တော့လို့ နှောင့်ယှက်တယ်ထင်ရင်တော့ တောင်းပန်ပါတယ်...
ပ - ပဉ္စလက် အတတ်နဲ့ အချစ်နတ်ရဲ့ ဖမ်းစားခြင်းကိုခံရတဲ့သူလို အချစ်ကလွဲပြီး ဘာကိုမှမသိတော့တာပါ...
ဖ - ဖြစ်ချင်တာတွေထက် လွန်ကဲပြီး ဖြစ်တတ်တဲ့ လောကကြီးမှာ မင်း ဟာ ကိုယ့် ရဲ့ ဖြစ်တည်ခွင့်ပါ...
ဗ - ဗရုတ်သုတ်ခ ရည်းစားစာ တစ်စောင်မဟုတ်ပါဘူး ၊ရင်ထဲက အက္ခရာတွေနဲ့ စာဖွဲ့ပြတာပါ ...
ဘ -ဘာမှ နားမလည်တော့ရင်လည်း ဘေးအိတ်ကပ်ထဲ လက်နှိုက်ပြီး ကိုယ့် အချစ်ကို အေးဆေးစဉ်းစားပေးပါ...
မ - "မုသားမပါတဲ့ မေတ္တာစာ " လို့ မဆိုလိုပါဘူး ၊ အမှန်တွေနဲ့ မွမ်းမံထားတဲ့ ရင်ဖွင့်စာပါ...
ယ -ယုတ္တိရှိအောင်ပြောတဲ့ ယုံတမ်းစကား လည်း မဟုတ်ပါဘူး ၊ ရည်းစားစာ စစ်စစ်ပါ ...
ရ -ရယ်စရာကောင်းတဲ့ ရူးကြောင်ကြောင် ကောင်ရဲ့ ရည်းစားစာ လို့ သတ်မှတ်ချင်သတ်မှတ်ပါ...
လ - လွယ်လင့်တကူ ပြီး ပြီးရော ချစ်တဲ့ ကြိုက်တဲ့ အကြောင်းပြောတတ်သူ မဟုတ်ပါ ...
ဝ -ဝေ့လည်ကြောင်ပတ်နဲ့ ရည်းစားစကားမပြောတတ်လို့ ဒီလို ဖွင့်ပြောရတာပါ...
သ - သိပ်ချစ်လို့ သိုသိုသိပ်သိပ် ရေးတဲ့ * သိင်္ဃာရီ စာပါ...
ဟ - ဟားတိုက်ပြီး ရယ်ရတဲ့ ဟာသတစ်ပုဒ်လို့လည်း မထင်ပါနဲ့...
ဠ - ဠင်းတ(လင်းတ) နဲ့ ဒေါင်းမှာ သူ့ အလှနဲ့သူ လှသလို ဒီစာဟာလည်း သူ့အကြောင်းနဲ့သူ ရှိပါတယ်...
အ - အချစ်ကို ထိတွေ့မိတဲ့ အခိုက်အတန့်လေးမှာ အစဉ်မပြတ် မင်းကို သတိရနေတယ်...
အွန်လိုင်းပြတိုက်ကပါ
No comments:
Post a Comment