Monday, July 8, 2013

မြန်မာနိုင်ငံမှာရှိတဲ့ မြို့လေးတွေကို သိရင် ဖြေပေးကြပါအုံး


Tuesday, July 09, 2013

(ဥာဏ်စမ်းမေးခွန်းလေးတွေပါ။ အပျော်ပေါ့)


(၁) မြစ်အဖေကြီးနဲ့မြစ်အမေကြီးက မွေးတဲ့မြို့

(၂) စွပ်ပြုတ်လုပ်သောက်ချင်စရာကောင်းတဲ့မြို့

(၃) ကလီစာတွေအူတွေအခွေလိုက်ရှိတဲ့မြို့

(၄) လူကြီးမဖြစ်သေးတဲ့မြို့

(၅) ဒီနေ့ည ငါစောင့်ရတဲ့အလှည့်မဟုတ်ဘူး ဆိုတဲ့မြို့

(၆) သကြားချက်ရင်အဆင်ပြေနိုင်တဲ့မြို့

(၇) ဆင်တွေကတဲ့မြို့

(၈) ၀ိုးတိုးဝါးတားပဲရှိတဲ့မြို့

(၉) စိုစိုပြည်ပြည်မရှိတဲ့မြို့

(၁၀) ကျန်စစ်သားမိန်းမနာမည်နဲ့မြို့

(၁၁) ဖားကောက်ခိုင်းတဲ့မြို့

(၁၂) လေဘေးထည်မြို့

(၁၃) မိန်းမမှာ ညီမတွေရှိရင် သတိထားပေရော့ဆိုတဲ့မြို့

(၁၄) ကိုယ်တော်ခံတဲ့ဆွမ်းအရနည်းတာဒါကြောင့်ကိုး...ဆိုတဲ့မြို့

(၁၅)အဲ့ဒီမြို့နာမည်ကပြောင်းပြန်လှန်လိုက်ရင်တော်တော်ရုပ်ဆိုးတဲ့ငှက်ကြီးဖြစ်သွားရော...

(၁၆) ရုံးသွားကျောင်းသွားသတိထား ဒါတွေယူကွယ့်မမေ့နဲ့တဲ့... အဲ့ဒီမြို့

(၁၇) အဲ့ဒီမြို့က ရွာလိုက်တာမှသဲကြီးမဲကြီးပဲတဲ့။

စဉ်းစားပြီး ဖြေကြည့်ပါ.....ဖြေနိုင်ပါ့မလား

credti: အင်းလေးမီဒီယာ
Myawady News

No comments:

Post a Comment