ဒီဆောင်းပါးလေး ဟာ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း 2010 မတ်လ မှာပါတဲ့ ဦးဝင်းငြိမ်း ရဲ့ဆောင်းပါးကို
ကူးရေးလိုက်တာဖြစ်ပါတယ်။ သင်ခန်းစာယူစရာလေးတွေပါတာမို့လို့ ချက်တင်ထိုင်တဲ့ သူငယ်ချင်းလေးတွေ ဗဟုသုတတွေပွားပြီးသင်ခန်းစာယူနိုင်ကြပါစေလို့။
ကျွန်တော့်မှာ ဆယ်ကျော်သက်အရွယ်ဝင်ခါစ မြေးမလေးတစ်ယောက်ရှိပါတယ်။ သူက သူ့အမေနဲ့လိုက်နေတာမို့လို့ တစ်ခါတစ်လေမှ ဖုန်းဆက်ဖြစ်တတ်ပါတယ်။ဖုန်းဆက် လိုက်ရင်သူ့အမေ သူ့အဘွားတို့က အင်တာနက်ဆိုင်ကိုသွားတယ်ဆိုတဲ့အဖြေကိုပဲပေးတတ်ကြ ပါတယ်။ ကျွန်တော့်မေးလ်ထဲကိုမိတ်ဆွေတစ်ယောက်ကပို့ပေးလိုက်တဲ့ဝတ္တုဆန်ဆန်ဆောင်းပါးလေးတစ်စောင်
ရောက်လာပါတယ်။ အဲဒါကိုဖတ်ပြီး တော်တော်တုန်လှုပ်သွားတာကြောင့် ဆယ်ကျော်သက်ကလေးရှိတဲ့
မိဘတိုင်း၊အုပ်ထိန်းသူတိုင်း သတိထားနိုင်ဖို့ ဖေါ်ပြလိုက်ပါတယ် ။
သူမက ဖတ်လက်စစာအုပ်ကို ဆိုဖာပေါ်ပစ်ချလိုက်ပြီး အဆာပြေတစ်ခုခုစားရင်း အွန်လိုင်းဝင်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။ အွန်လိုင်းမှာ သူမရဲ့နာမည်က angel11213 ဖြစ်ပါတယ်။ အွန်လိုင်းမှာရှိနေတဲ့
သူမရဲ့မိတ်ဆွေများကို စစ်ကြည့်လိုက်တော့ သူမနဲ့စကားပြောနေကျ goto 123 ရှိနေတာကို တွေ့ရပါတယ်။
ဒါကြောင့်မက်ဆေ့ခ်ျတစ်ခု လှမ်းပို့လိုက်ပါတယ်။
angel11213; ဟိုင်း.....အွန်လိုင်းမှာရှိနေတာဝမ်းသာလိုက်တာ။ ဒီနေ့ကျမ အိမ်ပြန်လာတော့ နောက်က
လူတစ်ယောက်လိုက်လာသလိုထင်ရတယ်။ ကျမကြောက်လိုက်တာ။
goto123; မင်းကတီဗွီ ဇတ်လမ်းတွဲတွေ ကြည့်လွန်ုးတယ်ထင်တယ်။ မင်းနောက်ကို ဘယ်သူက ဘာကြောင့် လိုက်ရမှာလဲ။ မင်းပတ်ဝန်းကျင်က မလုံခြုံဘူးလား။
angel11213; ဟုတ်ပါရဲ့ ကျမစိတ်ကူးယဉ်သွားတာပဲထင်ပါတယ်။ နောက်လှည့်ကြည့်တော့လည်း
ဘယ်သူမှမတွေ့ပါဘူး။
goto123; အွန်လိုင်းမှာ မင်းနာမည်ကို ဘယ်သူမှမပြောသေးဘူးမဟုတ်လား။
angel11213; ဟင့်အင်း၊ မပြောသေးပါဘူး၊။ ကျမ အဲဒီလောက် မအသေးဘူးဆိုတာရှင်သိတယ်မဟုတ်လား။
goto123; ဒီနေ့ကျောင်းမှား ဆော့ဖ် ဘောလ် ကစားသေးလား။
angel11213; အင်း ကစားတာပေါ့။ ကျမ တို့ အသင်းကနိုင်တယ်၊။
angel11213; hornets အသင်းနဲ့ကစားတာ၊ သူတို့ ယူနီဖောင်းတွေက အရောင်တောက်တောက်တွေနဲ့
သူတို့ကို ကြည့်ရတာ ပျားတွေလိုပဲ။
goto123; မင်းတို့ အသင်းနာမည်ကဘာလဲ။
angel11213; ကျမတို့အသင်းက canton cats လေ၊။ ကျမတို့ ယူနီဖောင်းကျောပေါ်မှာ ကျားခြေရာတွေ
တင်ထားတယ်၊ ကျမတို့ယူနီဖောင်းက သိပ်လှတာ ။
goto123;; မင်းကရှေ့တန်းမှာကစားတာလား။
angel11213; မဟုတ်ဘူး ။ ကျမကဒုတိယတန်းမှာကစားတာပါ။ ကျမအိမ်စာလုပ်ရဦးမယ်။ အမေတို့
ပြန်မလာခင်ပြီးအောင်လုပ်ရမှာ။ မပြီးသေးရင်ကျမကို ဆူလိမ့်မယ်။ ဘိုင့်ဘိုင်။
goto123; ကောင်းပြီလေ။နောက်မှတွေ့ကြတာပေါ့။ ဘိုင်။
အဲဒီအချိန်မှာ goto123 က သူ့ contact များစာရင်းကို ပြန်ဝင်ပြီး သူမနဲ့ပတ်သက်တဲ့အချက်
အလက်များကို ပြန်လေ့လာလိုက်ပါတယ်။ ဒါတွေကို print ထုတ်ပြီး အရေးကြီးတဲ့ အချက်တွေကို
high light လုပ်လိုက်ပါတယ်။ ဘောလ်ပင် ကို ထုတ်လိုက်ပြီး သူသိသမျှ အချက်အလက်တွေကိုရေးချ
လိုက်ပါတယ်။
အမည် - shannon
မွေးနေ့ - 1985 ခုနှစ်၊ ဇန်န၀ါရီလ 3 ရက်
နေရပ်လိပ်စာ - မြောက်ပိုင်း ၊ကယ်ရိုလိုင်းနား
ဝါသနာ - ဆော့ဖ် ဘောကစားခြင်း
သီချင်းသံပြိုင်ဆိုခြင်း၊
စကိတ်စီးခြင်း
ဈေးဝယ်ထွက်ခြင်း
သူကဒီသိထားတဲ့အချက်အလက်တွေ အပြင် shannon ဟာ canton မှာ ရှိနေတယ်ဆိုတာ
လည်း သူ့စကားတွေ ထဲကသိထားခဲ့ပြီးပြီ။ သူမဟာကျောင်းဆင်းချိန် ကနေစပြီး ညနေ ၆ နာရီခွဲ ထိ အိမ်မှာ တစ်ယောက်တည်းရှိနေပြီး ၆နာရီခွဲကျော်မှ မိဘတွေ ပြန်ရောက်လာတတ်တယ်။ ကြာသပတေး
နေ့တိုင်း ဆော့ဖ် ဘော ကစားတတ်တယ်။ သူမပါဝင်ကစားတဲ့ အသင်းနာမည်က canton cats ဖြစ်ပြီး
သူမအနှစ်သက်ဆုံး ကျောနံပါတ် ၇ ကိုယူထားတယ်။ အဌမတန်းကျောင်းသူဖြစ်ပြီး canton junior high
school မှာကျောင်းတက်နေတယ်။ ဒီအချက်အလက်တွေက သူတို့နှစ်ယောက်ချက်တင်လုပ်ရင်း သိလာတဲ့ အချက်အလက်တွေဖြစ်ပါတယ်။ အချက်အလက်စုံစုံ လင်လင်ရပြီဖြစ်တဲ့အတွက် သူ့အနေနဲ့
sgannon ကိုရှာဖို့ မခက်တော့ပါဘူး။
shannon ကကျောင်းအပြန်မှာ လူတစ်ယောက် နောက်ကနေ လိုက်ကြည့်သလိုခံစားရတယ်
ဆိုတာကို သူ့မိဘတွေသိအောင် ပြန်မပြောခဲ့ပါဘူး ။ မိဘတွေကစိတ်ပူတတ်လွန်းလို့ မလိုအပ်တဲ့ကိစ္စ
တွေ ပေါ်လာမှာကို စိုးရိမ်လို့ပါပဲ။
ကြာသပတေးနေ့ေ၇ာက်လာတဲ့အချိန်မှာတော့ shannon စိတ်ထဲမှာပြီးခဲ့တဲ့ အပတ်က လူ
တစ်ယောက် နောက်ကလိုက်နေတယ်ဆိုတဲ့ စိတ်မရှိတော့ပါဘူး။ အာလုံးကို မေ့ထားလိုက်ပါပြီ။
ပွဲကလည်းကောင်းနေတယ်။ ကစားနေရင်းမှာပဲ သူ့ကိုတစ်ယောက်ယောက်က စိုက်ကြည့်နေ
တယ်လို့ခံစား ရတာမျိုးဖြစ်လာပြန်ပါတယ်။ ကစားနေရင်းကပတ်ဝန်းကျင်ကို မျက်စိကစားလိုက်ကြည့်
တော့ လူတစ်ယောက်သူ့ကို စူးစူး စိုက်စိုက် ကြည့်နေတာ သတိထားမိလိုက်တယ်။
သူက၀င်းထရံကို ကျောမှီပြီးရပ်နေသူနဲ့ မျက်လုံးချင်းဆုံကြည့်လိုက်တော့ ကြောက်စရာ
မကောင်းပါဘူး။ ဒါကြောင့် ကစားပွဲမှာ စိတ်ပြန်သွင်းပြီး ဆက်ကစားနေခဲ့ပါတယ်။
ပွဲပြီးတော့ နည်းပြဆရာနဲ့ စကားပြောနေရင်း ဟိုလူရှိမယ့်ဘက်ကိုလှမ်းကြည့်လိုက်တော့
ပြုံးနေတာကိုတွေ့ရတယ်။ ဒီတစ်ခါတော့ ခေါင်းကိုပါ မသိမသာညိတ်ပြတာ တွေ့လိုက်ရတဲ့အတွက်
shannon ကလည်းပြန်ပြုံးပြလိုက်ပါတယ်။ သူမရဲ့ အားကစားအင်္ကျီပေါ်မှာ နံပါတ် ၇ နဲ့တွဲပြီးသူ့နာမည်
ကိုပါတွေ့လိုက်ရတာကြောင့် သူရှာနေတဲ့သူ သေချာသွားပြီတာဆိုတာ သိလိုက်ပါတယ်။
shannon ရာနောက်ကို ခြေသံလုံလုံနဲ့ နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကျောင်းနဲ့မလှမ်း
မကမ်းမှာရှိတဲ့ အိမ်ကို shannon ၀င်သွားတော့မှ သူနောက်ကြောင်းပြန်လှည့်ပြီး ကားရပ်ထားတဲ့နေရာကို
ပြန်လှည့်လာခဲ့ပါတယ်။
သူ အချိန်စောင့်ရဦးမယ်။ စားရတော့မယ့်ကျားက အချိန်စောင့်ရဦးမယ်လေ။ ဒါကြောင့် အဆာ
ပြေ စားသောက်လို့ရတဲ့ ဆိုင်တစ်ခုကို မောင်းသွားခဲ့ပြီး သူလှုပ်ရှားမယ့် အချိန်အထိ အချိန်ဖြုန်းနေခဲ့ ပါ
တယ်။
သူ့အခန်းထဲမှား ရှိနေတုန်း ဧည့်ခန်းထဲက အသံတွေကြားလိုက်တယ်။ shannon လာစမ်းလို့
အဖေ့ အော်သံကြားလိုက်ရတယ်။ အဖေ့ အသံက တော်တော် စိတ်ပျက်လက်ပျက်ဖြစ်ရသလဲဆိုတာ
စဉ်းစားလို့ မရပါဘူး။
ဧည့်ခန်းထဲက ထွက်လိုက်တော့ သူကစားနေတုန်းက ကြည့်နေတဲ့ လူကိုဆိုဖာပေါ်မှာ အခန့်
သားတွေ့လိုက်ရတယ်။
ထိုင်စမ်း ။ ဟောဒီ ပုဂ္ဂိုလ် က သမီးနဲ့ပတ်သက်ပြီး အင်မတန်စိတ်ဝင်စားစရာကေင်းတဲ့ ဇတ်လမ်းလေးတစ်ခုကို ပြောပြတယ် လို့ အဖေက ဆိုတယ် ။
shannon က၀င်ထိုင်လိုက်ပြီး သူ့ကိုကြည့်ရင်းစဉ်းစားနေမိတယ်။ ဒီလူက ငါမသိပဲနဲ့ ဘာဖြစ်
လို့ ငါနဲ့ပတ်သက်တဲ့ အကြောင်းအရာကို လာပြောနေရတာလဲ ၊ သူ့ကို ဒီနေ့မှမြင်ဖူးတာပဲ။
ကိုယ်ဘယ်သူလဲ သိလား shannon လို့အဲဒီလူကမေးတယ်။
ဟင့်အင်း မသိပါဘူး လို့ shann0n ကဖြေလိုက်တယ်။
ကိုယ်ကရဲအရာရှိတစ်ယောက်ပေါ့ ။မင်းနဲ့ အွန်လိုင်းမှာ မိတ်ဆွေဖြစ်တဲ့ goto 123 ပေါ့။
shannon အံ့သြသွားတယ်။
မဖြစ်နိုင်ပါဘူး။ သူက ကျမ အရွယ် 14 နှစ်သားပဲရှိသေးတာ။ ပြီးတော့ သူကမစ်ချီဂန်
မှာနေတာ ။
ဟိုလူက ပြုံးတယ်။
ကိုယ်မင်းကို ဘာပြောခဲ့တယ်ဆိုတာ သိတာပေါ့ ။ အဲဒါတွေ အားလုံးက အားလုံးအမှား
တွေချည်းပဲ။ ဒီမှာကြည့်စမ်း shannon အွန်လိုင်းမှာ ပြောသမျှတွေဟာ အမှန်တွေချည်းပဲလို့ မယုံနဲ့။
ကိုယ်လည်းမင်းကို လိမ်ပြောခဲ့တဲ့ လူတစ်ယောက်ပဲလေ။။ အေး အဲလိုလိမ်ပြောတဲ့သူတွေ ကမင်းတို့လို
ကလေးတွေကို နာကျင်အောင် ဒုက္ခရောက်အောင် လုပ်တတ်ကြတယ်။ ကိုယ်ကတော့ မိဘတွေနဲ့ ပူးပေါင်း
ပြီး ကလေးတွေ ဒုက္ခ မရောက်အောင် ကာကွယ်စောင့်ရှောက်နေတဲ့ ရဲအရာရှိ တစ်ယောက်ပါ။
အွန်လိုင်း မှ မင်းနာမည်ကို မပြောခဲ့ပေမယ့် မင်းပြောတဲ့ အချက်အလက်တွေ ကိုစုစည်း
လိုက်ရင် မင်းကိုအလွယ်တကူ ရှာနိုင်တယ်ဆိုတာ ကိုယ်လက်တွေ့ပြလိုက်တာ။ ကျောင်းနာမည် သိတယ်။
ကစားတဲ့ အသင်းနာမည်သိတယ်။ ဘယ်နေရာက ကစားတယ်။ ကျောနံပါတ်က ဘယ်လောက်လဲသိတယ်။
ဒါတွေ ကိုသိလိုက်တော့ အလွယ်တကူ ရှာလို့ရတာပေါ့။
shannon တုန်လှုပ်သွားမိတယ် ။
ဒါဆို ရှင်က မစ်ချီဂန်က မဟုတ်ဘူးပေါ့
သူကရယ်လိုက်တယ်။ အဲဒီလို အဝေးကြီးပြောမှမင်းက စိတ်ချလက်ချ လက်ခံ စကားပြောမှာ
မို့ ကိုယ်ကလိမ်ပြောခဲ့တာပါ။.
shannon ခေါင်းညိတ်လိုက်မိတယ်။
ကိုယ့်မိတ်ဆွေ မှာ မင်းလိုအရွယ်သမီးလေးတစ်ယောက်ရှိတယ် ။ အဲဒီကလေးမလေးကတော့
မင်းလို ကံမကောင်းရှာခဲ့ဘူး။ အွန်လိုင်းမှား မင်းလိုမိတ်ဆွေဖြစ်ခဲ့တဲ့ လူတစ်ယောက်ကအလွယ်တကူရှာပြီး
အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ၀င်သတ်သွားခဲ့တယ်။. ဒါကြောင့်မင်းတို့လို အရွယ်တွေ အွန်လိုင်းမှာ
တွေ့ရာလူကို ကိုယ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ မပြောသင့်ဘူး။ တမင်တကာပြောတာမဟုတ်ပေ
မယ့် စကားပြောရင်းက သိချင်တဲ့ အကြောင်းအရာတွေ ပြောပြီးသားဖြစ်သွားတယ်။ အခုမင်း ကိုပဲကြည့်
လေ။ မင်းမပြောပေမယ့် မင်းကိုကိုယ်ရအောင် ရှာနိုင်တယ် မဟုတ်လား ။ ဒါကိုသင်ခန်းစာယူပြီးတော့ နောက်ထပ် အွန်လိုင်းမှာ ကိုယ်နဲ့မသိတဲ့ သူတစ်ယောက်ကို စကားအလွန်
အကျွန်မပြောမိအောင် သတိထားပါ ။ မင်းသူငယ်ချင်းတွေကိုလည်း သတိပေးပါ။ ဒါမှမင်းတို့အရွယ်
ကလေးတွေ ချင်တင်လုပ်ပေမယ့် လုံခြုံစိတ်ချရတယ်။
ဟုတ်ကဲ့ ကျမ ကတိပေးပါတယ်။
အဲဒီညမှာ shannon နဲ့ သူ့မိဘနှစ်ပါး တို့ ဘေးအန္တရာယ်က ကင်းလွတ်အောင်စောင့်ရှောက်ပေးတဲ့
ဘုရားသခင်ကို ကျေးဇူးတော်တင်တဲ့ အနေနဲ့ ရှိခိုးဝတ်ပြုခဲ့ ကြပါတယ်။
မြန်မာမိဘ တော်တော်များများဟာ ကိုယ့်ကလေးတွေကို ချက်တင်ဝင်နေရင် တခြားနေရာသွားတာမှ မဟုတ်ပဲ ။ လုံခြုံစိတ်ချရပါတယ်လို့ ယူဆကြပါတယ်.။ တကယ်တော့ ဒီခေတ်မှာ
မမြင်ရတဲ့ အန္တရာယ်တွေဟာ သူ့အလိုလို ဖိတ်ခေါ်ပြီးသားဖြစ်နေတာကို ဒီအဖြစ်အပျက်ကလေးဖတ်ပြီး
သင်ခန်းစာယူစေချင်ပါတယ်။
ကျနော်ပြောချင်တာလည်းရှိပါသေးတယ် ။ နောက်မှပြောမယ်နော် ဒါပေမယ့် ချက်တင်ထဲမှာတွေ့တဲ့
ညီမလေးတစ်ယောက်ကို သိပ်ခင်နေမိလို့ပြောချင်တာပါ။ ဒါပေမယ့် သူငယ်ချင်းအားလုံးကိုလည်း
ပြောချင်ပါတယ်။နော်။ ဒီစာကို သူဖတ်ရင်တော့ သိမှာပါ။
Tuesday, November 22, 2011
Sunday, November 20, 2011
အိမ်မက်ဆန်သော တစ်ချိန်က လသာညများ
ဂစ်တာလေးနဲ့ လသာတဲ့ညတွေမှာ သူငယ်ချင်းတွေကိုစုပြီး သီချင်းဆိုတဲ့ညလေးတွေကိုခံစားဖူးလား။
တောအရက်ကလေးတမြမြနဲ့ ရရာအမည်းလေးတွေရှာပြီး တစ်ရွာလုံးကိုလှည့်ပတ်သီချင်းဆိုရတာကို
ကျနော် တော်တော်လေးကိုသဘောကျတာဗျ။ တကယ်အမှန်ပြောရရင်တော့ သီချင်းဆိုပြစရာ ချစ်သူဆို
လို့ မယ်မယ်ရရ ရှိတာလည်းမဟုတ်ပဲနဲ့ကို ဒီလိုလှည့်ပတ်သီချင်းဆိုပြီး လျှောက်သွားနေရတာကိုပဲ ကျနော်
တို့သူငယ်ချင်းတစ်တွေ ကျေနပ်နေကြပါတယ်။ တစ်ခါတစ်လေ အမည်းမရရင် အိမ်က ဟင်းလေးတွေ
လူကြီးတွေမသိအောင် ခိုးခိုးယူလာပြီးမည်းကြတယ်။ ဒါမှမဟုတ် သရက်သီးပေါ်ချိန်တွေဆို တစ်ရွာလုံးကို
လှည့်ပြီးသရက်သီးတွေ ခိုးစားကြတာ။ ဒါမှမဟုတ်ရင် ရွာနားကချောင်းမှာ လှေကလေးတစ်စီးနဲ့ ကွန်သွားပစ်ကြတာ ။ အဲဒီမှာပဲ အရက်သောက် အဲဒီမှာပဲ ပုဇွန်တွေ၊ငါးတွေ မီးဖုတ်ပြီး အရက်နဲ့မည်းကြတာလေ။
ကဲ ဘယ်လောက်ပျော်စရာကောင်းသလဲ။ ရှိသေးတယ် ပြောဦးမယ်။ဆက်ဖတ်နော်။
(ဆက်လက်ရေးသားပါဦးမည်။)

Friday, November 18, 2011
တပ်တောင်ရွာကို သိလား တပ်တောင်ရွာကိုသွားမလား
ရခိုင်ပြည်နယ်၊အမ်းမြို့နယ်မှာရှိတဲ့ အရမ်းစည်ကားတဲ့ တပ်တောင်ရွာကလေးကိုသိလား၊။ အဲဒီရွာကကျနော့်ဇာတိချက်ကြွေမွေးရပ်မြေလေ။အရှေ့အရပ်မှာ ရေငံရေချိုစပ်တဲ့ချောင်းကလေးတစ်ခုရှိတယ်ဗျ။ အနောက်အရပ်မှာတော့ ဂုံးမတောင်ဆိုတဲ့တောင်တန်းတွေ ကငေးလို့မဆုံးအောင်ရှည်လျားနေတယ်ပေါ့။
ခင်ဗျား မြင်ယောင်ကြည့်လိုက်စမ်းပါ၊။ မြောက်ဘက်မှာဆိုလည်း မဲတောင်လို့ အမည်ခေါ်တဲ့တောင်က
စပြီးတောင်စဉ်တောင်တန်းတွေနဲ့။
ဟော စစ်တပ်တောင်မှာတည်ထားတဲ့ဆုတောင်းပြည့်ဘုရားပေါ်က တောင်ဘက်ကိုလှမ်းကြည့်လိုက်ပြန်ရင်
လည်း သပြုချိုင်တောင်ကြီးတွေနဲ့အတူ အရမ်းလှပတဲ့ မြစ်ပြင်ကျယ်ကြီးတွေကိုမြင်ရျမှာလေ။
ဒါလောက်လေးပြောလိုက်ရုံ နဲ့ ခင်ဗျားကျွန်တော်တို့ ရွာလေးလှပတာ နည်းနည်းလောက်တော့ပေါ်လွင်လာပြီမဟုတ်လား။ ဆက်ပြောဦးမယ် အဲဒီချောင်းလေး မှာပဲ အရင်တုန်းကဆို ကျောက်ဖြူ။စစ်တွေ သင်္ဘောကြီးတွေ တစ်ပတ်ကို တစ်ခါလောက်ပြေးဆွဲပေးနေတာ။
ကျနော်တို့ ငယ်ငယ်တုန်းကဆို သင်္ဘောဆိပ်ကိုသွားပြီးတော့ သင်္ဘောလာချိန် ကိုသွားသွားစောင့်တတ်
ကြတာ။ ဒါပေမယ့်အခုတော့ သင်္ဘောလမ်းကြောင်း ကတိမ်ကောလာတာကြောင့် သင်္ဘောခရီးစဉ်တွေ
မဆွဲတော့ဘူးလေ။ တခြားအကြောင်းတွေကိုတော့ ကျနော်လည်းမသိပါဘူး။
သင်္ဘောမရှိတော့တာနဲ့ ကျနော်တို့ရွာ လမ်းပန်းဆက်သွယ်ရေးများ ခက်ခဲသွားမယ်များ
မထင်လိုက်နဲ့နော်။ ကျနော်တို့ရွာ ကမ်းနားတလျောက်လုံး မှာရှိတဲ့ အိမ်တွေမှာ ဟွန်ဒါလို့ အလွယ်တကူ
ခေါ်ကြတဲ့ ပဲ့ထောင့်စက်လှေက တော့ တစ်အိမ်မှာ တစ်စီးလောက်က အနည်းဆုံးရှိတယ် ။
ဒါဆိုကုန်းလမ်းကျတော့ကော လို့ ခင်ဗျား စောဒကမတက်နဲ့ဦးနော်။
ကုန်းလမ်းဆိုရင်လည်း ရန်ကုန်ကို ဘယ်ဘက်ကသွားချင်သလဲ။ အမ်းရိုးမကိုကျော်ပြီးတော့ ပဒါန်းဘက်ကနေသွားချင်သလား ။ တောင်ကုတ်ရိုးမကနေပြီးတော့ တောကောင်သားချက်ကောင်း
ကောင်းလေးစားပြီးသွားချင်သလား။ ဒါမှမဟုတ် ရခိုင်ပြည်ရဲ့မြို့တော် စစ်တွေကို သွားချင်သလား။
အားလုံးအေးဆေး အဆင်ပြေချောမွေ့စွာနဲ့ သွားနိုင်ပါတယ်။ ဒါပေမယ့် အမ်းဘက်က နေပြီးရန်ကုန်
ကိုသွားချင်ရင်တော့း အမ်းမျြို့ကို ဆိုင်ကယ် ကယ်ရီနဲ့ပဲဖြစ်ဖြစ်၊ လိုင်းကားနဲ့ပဲဖြစ်ဖြစ် ၂၄မိုင်သွားရလိမ့်မယ်။
တောင်ကုတ်ဘက်ကသွားချင်ရင်တော့ အမ်းရိုးမ၊ နဲ့ မာန်သစ္စာ ခရီးသည်နဲ့ကုန်သည်ပို့ဆောင်ရေး ခရီးစဉ်က ရန်ကုန်ကို တိုက်ရိုက်ပို့ဆောင်ပေးနေပါတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက် မှုကနည်းနည်းလေး
နှေးနေတော့ ကားဂိတ်ရှိတဲ့ ဟိုဘက်ကမ်းကိုစက်လှေနဲ့ ကူးပြီးမှ သွားရလိမ့်မယ်။ပြီးမှ ခုမှဖောက်လုပ်ကာစ ရှိသေးတဲ့ ဖုန်ထူထူလမ်းလေးပေါ်ကနေ ရန်ကုန်ကို တိုက်ရိုက်ခရီးစဉ်ပါပဲခင်ဗျ။
အဲ တစ်ခုတော့ပြောရဦးမယ် ရွာဆိုပေမယ့်တော့အထင်မသေးနဲ့ဦးနော် ။ ကြွားလက်စနဲ့ဆက်ကြွားဦးမယ်
ကိုယ့်ဟာမဟုတ်ပေမယ့် ရွာမှာက ကိုယ်ပိုင်ကားတွေနဲ့ အေးဆေးတွေ။ သူဌေးတွေ အများကြီး။
ပြောချင်တာလေးတွေနည်းနည်းလွဲနေတော့ ခွင့်လွှတ်နော်။ ကျနော်တို့ ရွာက ရွာလို့ဆိုပေမယ့်
တော်ရုံတန်ရုံ မြို့လို့ပြောလို့ရအောင် စည်ကားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ရွာကို
အမ်းမြို့နယ်တစ်မြို့နယ်လုံး နီးပါး ဈေးလာဝယ်ရတာလေ။ နည်းနည်းလေးဈေးကြီးတာကလွဲရင်
ဈေးရောင်းတဲ့သူ တွေက ရိုက်စားတို့ လူကြည့်ပြီးလိမ်ရောင်းတာတို့တော့မရှိဘူးခင်ဗျ။ ဟိုတစ်နေ့က
ဖတ်ရတဲ့ တပ်တောင်ရွာကို ဆေးခန်းလာဖွင့်တဲ့ ဆရာဝန်တစ်ယောက်ရေးထားတဲ့ ဘလော့မှာတော့ တပ်တောင်ရွာ
ရဲ့ ဈေးပတ်ပတ်လည်ဖွင့်ထားတဲ့ ရွှေဆိုင်တန်းကြီးတွေ လို့သုံးပြီး အမ်းမြို့မှာတောင် စုစုပေါင်းလိုက်ရင်
နှစ်ဆိုင်ပြည့်အောင်မရှိဘူးလို့ ဖတ်လိုက်ရပါတယ်။ အမ်းမြို့မှာက ရွှေဆိုင်နှစ်ဆိုင်မကတော့ ရှိတာ
မှန်ပေမယ့် တကယ့်တကယ်ပန်းတိမ် ပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုကြတာတော့ ကျနော်တို့
တပ်တောင်ရွာလောက် မရှိတာတော့ အမှန်ပါပဲ။ ဒီလောက်ရွှေဆိုင်တွေများရင် ကျနော်ပြောနေတဲ့
တပ်တောင်ရွာဆိုတာ စီးပွားရေးမှာ အချက်အချာ ကျနေတယ်ဆိုတာကတော့ ခင်ဗျား ငြင်းလိုက်ရင်တော့
တရွာလုံးနဲ့လာ ငြင်းရလိမ့်မယ်ဗျ။
ငါးဒိုင်။ပုဇွန်ဒိုင်။ဂဏန်းဒိုင်တွေနဲ့ဆိုတော့လည်း ရေလုပ်ငန်းစီးပွားရေးကလည်းမဆိုးဘူးလို့ပြောရမှာပဲ။ ကျနော်ဆိုလတ်လတ်ဆတ်ဆတ် ချောင်းထဲကရလာတဲ့ငါးတွေကို ဈေးချိုချိုလေးနဲ့စားနေကျဆိုတော့
ရန်ကုန်တို့ လိုမှာရေခဲရိုက်ထားတဲ့ ငါးတွေဈေးကြီးးပေးစားရတော့ အရသာကို ခံလို့မရပါဘူးဗျာ။
ရွာဈေးဆိုပေမယ့် ကျနော်တို့ရွာဈေးကိုသေးသေးလေးတော့မထင်နဲ့နော်။ အရင်တုန်းက စပါးကုန်စည်
ဒိုင်ဖွင့်ခဲ့တဲ့တောင်ကြီးပေါ်မှာ ဘူဒိုဇာတွေနဲ့ထိုးပြီးတော့ အခိုင်အမာတည်ထားတဲ့ဈေးကြီးဗျ။ ဆိုင်ခန်းတွေ
ဆိုရင်မလောက်လို့ အဲဒီဈေးနီးနားက အိမ်တွေများတန်ဖိုးတွေမြင့်ကုန်သွားတာ ပြောကိုမပြောတတ်တော့
ပါဘူး ။ မပြောတတ်ဘူးဆိုလို့ ပြောတတ်တယ်လို့မထင်နဲ့နော်။ တကယ်ကို မပြောတတ်တာ။ ဈေးမှာဖွင့်
ပေးတဲ့ ဆိုင်ခန်းတွေနဲ့မလောက်တော့လို့ပတ်ဝန်းကျင်ကအိမ်တွေကို ၀ယ်ပြီး ဆိုင်ခန်းတွေဆောက်လိုက်
ကြတာ ခုထိကိုမလောက်သေးဘူးဆိုပါတော့။ တော်ရုံရပ်ကွက်ကြီး တစ်ခုလောက်ရှိတယ်ခင်ဗျ။ ဘယ်လောက်ထိတောင်လဲဆိုရင် တစ်ရွာလုံးမှာတစ်ခုသာရှိတဲ့ စာကြည့်တိုက်လေး ပျောက်ကွယ်လုလု
နီးပါးဖြစ်ရအောင်ထိပါ။ခုထိကို တပ်တောင်ရွာဈေး ဈေးကွက်ကတန်ဖိုးကြီးမားနေတုန်းပဲ ခင်ဗျ။
ပညာရေးကလည်းမပြောနဲ့တော့ အထက်တန်းကျောင်းကတစ်ကျောင်းတည်းဆိုပေမယ့်
ကျောင်းသားတွေနဲ့ လုံလောက်အောင် အထက်တန်းကျောင်းဆောင်တွေကတော့ အများကြီးပဲ။
ဒါပေမယ့် စာသင်မသင်တော့ ကျနော်လည်းမသိတော့ဘူးနော်။ ကျနော်တက်ခဲ့တုန်းကတော့
သင်သလိုပါပဲ။ အဲဒီကျောင်းကကျနော်ပြောခဲ့တဲ့ ဆုတောင်းပြည့်တဲ့ ဘုရားတည်ထားတဲ့ တောင်ခြေရင်း
မှာရှိတာလေ။ကျနော်တို့ကျောင်းနောက်ဘက်ကဆို အတော်လေးကိုကြီးတဲ့ရေကန်တစ်ကန်ရှိတယ်။
အဲဒီကန်ရဲ့ ဟိုဘက်ကဆို ရွာရှင်မလို့ပြောကြတဲ့တောင်ရှိတယ်။ သူနေတဲ့သစ်ပင်ကတော့ အရမ်းကြီး
တဲ့ကညင်ပင်ကြီးပေါ့။ တခြားရွာတွေမှာဆို အဲလောက်ရှိတဲ့သစ်ပင်ပုံမျိုးနဲ့ သစ်သမားတွေက ခုတ်ပြီး
နတ်တွေကိုတခြားအပင်ကိုပြောင်းပေးခဲ့လောက်ပြီ။ ဟီး ဟီး။
ကျနော်တို့ရွာ ဘာသာတရားကိုင်းရှိုင်းတာ အဲဒါတွေလည်းပါတယ်လေ။ နတ်ကိုးကွယ်
တဲ့ဝါဒကတော့ ကျနော်တို့ရွာမှာ သိပ်မရှိတော့ပေမယ့် တစ်နှစ်တစ်လေ နတ်ဆိုင်းသံလေးတွေနဲ့ နတ်က
ပွဲတွေကြားနေရတုန်းပါ။ နတ်ကတဲ့ အလေ့ အထကတော့ ပညာတတ်တွေပေါများလာလို့လား။ ဒါမှမဟုတ် ငွေမရှိလို့နတ်မကနိုင်တာလားလို့တော့ ကျနော်လည်းမလေ့လာမိလို့ မသိဘူးဆိုပါတော့။
ဒါပေမယ့် ငယ်ငယ်တုန်းကတော့ နတ်သံကြားရင် ဘာရယ်မဟုတ် ကျနော်ကသွားပြီးကြည့်တာပါပဲ။
ဘယ်လိုပဲပြောပြော ကြည့်လို့ကောင်းတာကတော့ အမှန်ပါ။ တခြားနိုင်ငံကလာရင်တော့ ဒါဟာ ယဉ်ကျေးမှု အနေနဲ့ ပြသနိုင်မှာဖြစ်ပါတယ်။ ရိုးရာအမွေအနှစ်အဖြစ်ထိမ်းသိမ်းသင့်ပေမယ့် ကျနော်တို့
ဗုဒ္ဒဘာသာ အနေနဲ့ကတော့ ဘာသာတရားရဲ့ အခြားတစ်ဖက်မှာရပ်တည်နေတဲ့ အယူလွဲဝါဒမို့လို့
ကျနော်ကတော့ သဘောမကျသလိုတော့တွေ့ပါတယ်။ ဘယ်လိုပဲပြောပြော ကျနော်တို့ဆယ်တန်းဖြေ
မယ်ဆိုရင် မျက်နှာဖုံးဆက်တယ်ဆိုတာကတော့ ယုံယုံ မယုံယုံ ခုထိလုပ်ကြတုန်းလေ။
ဗုဒ္ဒဘာသာဆိုတဲ့ သာသနာဆိုတာကတော့ မပြောနဲ့တော့။ ရွာကညီညွတ်တယ်ပြောရမလား။
ဒါမှမဟုတ် မညီညွတ်ဘူးပြောရမလားတော့မသိပါဘူး။ မြို့လောက်နီးပါး ရှိတဲ့ ကျနော်တို့ရွာမှာ ဘုန်းကြီး
ကျောင်းဆိုလို့ လူတစ်ယောက်ခွဲလောက်ဖက်ရတဲ့ တိုင်လုံးကြီးတွေနဲ့ အခိုင်အမာ တည်ဆောက်ထားတဲ့
သုံးထပ် ဘုန်းတော်ကျောင်းကြီးတစ်ကျောင်းတည်းသာ ထီးထီးကြီးကို ရှိပါတယ်ခင်ဗျ။
ဒီကျောင်းတော်မှာပဲ အရင်ကသီတင်းသုံးတော်မူခဲ့တဲ့ဆရာတော်ကြီး ဟာလည်းတော်တော်ကြီးကိုသိက္ခာ
တော်ကြီးတာကိုး။ ခုတော့ ပျံလွန်တော်မူသွားရှာပါပြီ။
ခုတော့ဦးသောဘိတ ဆိုတဲ့ဆရာတော်က ဆက်ပြီးရွာရဲ့သာသနာတော်ကိုထိမ်းသိမ်းစောင့်
ရှောက်နေပါတယ်။ ပြောရဦးမယ် ကျနော်တို့ရွာက ရွာတည်တာနှစ်ငါးဆယ်မပြည့်သေးဘူးလို့ဆိုကြပါ
တယ်။ ကျနော်တို့ရွာမှာ ရွာဦးကျောင်းဆရာတော်ပျံလွန်တော်မူတာ ပထမဦးဆုံးပဲဗျ။ ခင်ဗျားစဉ်းစား
ကြည့်နော် ရွာတည်တာနှူစ်ငါးဆယ် မပြည့်သေးတဲ့ရွာတစ်ရွာဟာ ဘယ်လောက်တိုးတက်လဲဆိုတာ။
ဆရာတော် ဈာပန ပွဲတော်တုန်းကများဆိုဗျာ သုံးရက်နဲ့မပြီးနိုင်လို့ ခြောက်ရက် ပွဲတော် လုပ်ရတာ။
နေ့ရော ညရော ရွာထဲမှာ ပွဲခင်းထဲမှာ လူကိုမစဲပါဘူးဗျာ။ ၂၄ နာရီပတ်လုံးနော်။ တကယ်ပြောတာ။
ပွဲထဲမှာဆို ညနေ သုံးနာရီလောက်ကတည်းက ဇတ်ပွဲကြည့်ဖို့ကိုယ့်ဖျာကို လာစောင့်ပြီး အိပ်လိုအိပ်၊
ထိုင်သူထိုင်နေကြတာ ။ ကျနော်ပြောတာနည်းနည်းများလွဲနေသလားနော်။
သာသနာဆိုလည်း ကျနော်တို့ရွာထဲမှာတင် တရားပွဲတော်များ စည်ကားလိုက်တာ ခုဆို
ကိုးကြိမ်လား၊ ဆယ်ကြိမ်လား ပဲ။ ဟိုဘက်က သင်္ဘောဆိပ်ဟောင်းပိုင်း ဆိုတဲ့ရပ်ကွက်ကဆို ကျနော်တို့
ရွာလယ်ပိုင်းထက် ပိုတောင်ပိုလားပဲ။ ကျနော်လည်းသိပ်မမှတ်မိတော့ဘူးလေ။ ဒါပေမယ့် ဘယ်ရပ်ကွက်
ဘယ်အပိုင်းရယ်လို့တော့ဘယ်ဟုတ်မှာလဲ တရားတော်ဟာ တရားတော်ပဲမဟုတ်ပါလား၊ ၊။
ကျနော်ပြောနေတာ နောက်တစ်မျိုးများလွဲသွားပြန်ပြီလားနော် ။
(ဆက်လက်ရေးသားပါဦးမည်။ လိုတာများရှိရင် အကြံအညာဏ်လေးများပေးနိုင်ပါတယ်)

Thursday, November 10, 2011
အိမ်မက်သံပုရာ
“မွေ့ယာထက်ပေါ်စက်တော်ခေါ် ထတော်မူပါ့အရှင့်သား''
လို့အော်နေတဲ့အသံကြောင့် ကျွန်တော် ဖြတ်ခနဲနိုးလာခဲ့ပါတယ်။ အဲဒီအသံကဘယ်ကမြည်နေတာလဲလို့ကျွန်တော်ကြည့်လိုက်တော့ နာရီ
နိုးစက် ကမြည်နေတာကိုထူးထူးဆန်းဆန်းတွေ့လိုက်ပါတယ်။ ဒါနဲ့ နှိုးစက်ကိုပိတ်ပြီး ပြန်အိပ်မယ်လုပ်တော့
အေးစက်တဲ့ အသိကြောင့်ကျွန်တော် ဘေးဘီဝဲယာကိုကြည့်လိုက်တော့ ကျွန်တော့်အခန်းထဲမှာ အဲကွန်းတစ်ခုတပ်ထားတာကိုတွေ့လိုက်ပါတယ်။ပြီးမှ ကျွန်တော် အိပ်နေတာ လေထဲမှာလိုလို တွေ့တာနဲ့
အောက်ကိုငုံ့ကြည့်လိုက်တော့ အားလားလား ကောင်းလိုက်တဲ့မွေ့ယာကြီးဗျာ ။
ဒါနဲ့ကျွန်တော်ကျွန်တော့်အခန်းများဟုတ်ရဲ့လားလို့မသင်္ကာဖြစ်လာမိပြီးအခန်းတွေထဲကိုပတ်ကြည့်တော့
လည်း ကျွန်တော့်အခန်းဆိုတာသေချာပါတယ်။ ဒါနဲ့ဘာကြောင့်များ ဒီအခန်းကိုလာပြီး မွေ့ယာကောင်းတွေ အဲကွန်းတွေလာတပ်ထားတာလဲ ဆိုတာစဉ်းစားလို့ကိုမရပါဘူး။ ကျွန်တော် လည်းရုံးသွားရတော့မယ့်အချိန်
နီးနေတာနဲ့ မျက်နှာသစ်ပြီးရေမိုးချိုးမျက်နှာသစ်ဖို့ ရေချိုးခန်းထဲကို ၀င်သွားလိုက်ပါတယ် ။
ကျွန်တော်သွားတိုက်မယ်ဆိုပြီး သွားပွတ်တံ ယူပြီးသွားတိုက်ဆေးလိုက်ရှာတော့ မတွေ့ဘူးခင်ဗျ။ ခနနေတော့ မှန်ပေါ်မှာ ''လူကြီးမင်းမှာမနေ့က အရက်သေစာသောက်စားပြီး သွားမတိုက်ပဲအိပ်ပျော်သွားတာကြောင့်ဖလိုရိုက်နဲ့ဆားပါသောသွားတိုက်ဆေးဖြင့်တိုက်ရန်လိုအပ်ပါသဖြင့်
ဖလိုရိုက်နှင့် ဆားသွားတိုက်ဆေးခလုပ်ကိုနှိပ်ပါ''' လို့စာတမ်းလေးတစ်ခုပေါ်လာပါတယ်။
ဒါနဲ ကျွန်တော်က အဲဒီခလုပ်ကလေးကိုနှိပ်လိုက်တော့ သွားတိုက်ဆေးအနည်းငယ်ဟာ အပေါက်လေးတစ်ခုကထွက်လာခဲ့ပါတယ်။
ကျွန်တော်လည်းသွားတိုက်နေတုန်းမှာ အော့ချင်လာတာနဲ့သွားတိုက်တာကိုရပ်မလို့သွားတိုက်တံကိုနှုတ်တော့
နှုတ်မရဖြစ်နေပါတယ်။ ကျွန်တော်လည်း ဘာကြောင့်များနှုတ်မရတာလဲလို့အတင်းကြီးနှုတ်ပေမယ့်လည်း
လုံးဝကိုနှုတ်မရပါဘူး။ ချက်ချင်းဆိုသလိုပဲမှန်ထဲမှာ ''လူကြီးမင်း၏သွားတိုက်ချိန်မှာ ၂မိနစ်မပြည့်သေးသေားကြောင့်သွားပွတ်တံကိုပါးစပ်ထဲမှနှုတ်မရနိုင်ပါ ''လို့ပေါ်လာတော့မှပဲ ကျွန်တော် သဘောပေါက်သွားပါတယ်။ဒါနဲ့ နှစ်မိနစ်ပြည့်အောင်သွားတိုက်လိုက်ပြီးရေချိုးလိုက်ပါတယ် ။
ကျွန်တော်လည်းမနေ့ကမူးသွားလို့ရေမချိုးလိုက်ရတာနဲ့ ဒီနေ့တော့လန်းသွားအောင်ဆိုပြီးအားရ
ပါးရချိုးနေတုန်းမှာပဲ ရေကရုတ်တရက်ရပ်သွားပါတယ်။ ဘယ်လိုဖြစ်တာလဲလို့ ကျွန်တော်စဉ်းစားမရဖြစ်နေ
တုန်းမှာပဲ မှန်ထဲမှာ ''လူကြီးမင်းချိုးသောရေမှာ နှစ်လီတာကျော်လွန်ပြီး ဖြစ်သောကြောင့်လူတစ်ယောက်၏
ချိုးရေပမာဏလုံလောက်ပြီဖြစ်သောကြောင့်လည်းကောင်း၊ သဘာဝရေအရင်းအမြစ် ကိုထိန်းသိမ်းစောင့်
ရှောက်သောအားဖြင့်လည်းကောင်း ရေထပ်ချိုးလို့မရနိုင်တော့ပါ '' လို့စာတမ်းတစ်ခုပေါ်လာပြန်ပါတယ်။
အော်ဒီနေ့မှထူးထူးဆန်းဆန်းတွေချည်းတွေ့နေရပါလားလို့တွေးပြီင်္း ကျွန်တော်လည်းရေချိုးတာကို
ရပ်ပြီး အ၀တ်အစားလဲဖို့ အ၀တ်အစားတွေရှာတော့ ကျွန်တော့်အ၀တ်တွေတစ်ထည်မှမရှိတော့ဘူးဗျ။
ဗီရိုထဲကိုဖွင့်ကြည့်လိုက်တော့မှ ''လူကြီးမင်း၏အ၀တ်အစားများတစ်ချို့မှာသတ်မှတ်ရက်ကျော်လွန်ပြီးတစ်ချို့မှာ အလွန်ညစ်ပတ်သောကြောင့် ဖျက်ဆီးရန်စက်ရုံကိုယူဆောင်သွားကြပါပြီ။လူကြီးမင်း၏ company မှဝန်ထမ်းများအား လစာအပြင်နေထိုင်ဝတ်စားစရိတ်အားလုံးကိုတာဝန်ယူဆောင်ရွက်ပေးသွား
မည်ဖြစ်ပါတယ်'' လို့စာတန်းကလေးပေါ်လာမှ ကျွန်တော်ဒီနေ့ထူးထူးဆန်းဆန်း တွေ့ကြုံနေတာတွေကို
သဘောပေါက်ပါတော့တယ်။
ကျွန်တော်လည်းအ၀တ်အစားတွေလဲပြီး ရုံးကိုသွားမလို့လမ်းမပေါ်ထွက်လိုက်တော့ မနေ့ကစုတ်ပြတ်သတ်နေတဲ့လမ်းမကြီးဟာ တလက်လက်တောက်ပနေတဲ့ကွန်ကရစ်လမ်းမကြီးဖြစ်နေတာ
အံ့သြ စရာတွေ့လိုက်ရပါတယ်။ ကျွန်တော်လည်းတော်တော်ထူးဆန်းတာပဲလို့တွေးရင်း ဘတ်စကားမှတ်တိုင်ကိုလမ်းလျှောက်လာခဲ့ပါတယ်။ အရင်နေ့တွေကဆို ကြပ်သိပ်နေတဲ့မှတ်တိုင်မှာ လူတစ်ယောက်မှမရှိတာနဲ့ကျွန်တော်လာတာ နောက်ကျနေလို့များလား၊ စောနေလို့များလားလို့ နာရီကိုကြည့်ုလိုက်တော့လည်း ကျွန်တော်ရုံးသွားနေကျ အချိန်ပါပဲ။
ကျွန်တော် မှတ်တိုင်ရောက်ရောက်ချင်းပဲ နေ့တိုင်း တစ်နာရီလောက်စောင့်ရတတ်တဲ့ကား
ဟာ ချက်ချင်းဆိုသလိုပဲရောက်လာပါတော့တယ်။ ကျွန်တော်လည်းကားပေါ်တက်လိုက်တော့ စကတ်တိုလေးနဲ့ချစ်စရာကောင်းတဲ့ကောင်မလေးတစ်ယောက်က'' မင်္ဂလာပါရှင်''လို့နှုတ်ဆက်လိုက်တော့
ကျွန်တော် အူကြောင်ကြောင်နဲ့ငေးနေမိပါတယ်။ ကားပေါ်လှည့်ပတ်ကြည့်လိုက်တော့လည်း ဘယ်သူမှ မရှိပဲဒရိုင်ဘာရယ် အဲဒီကောင်မလေးရယ် ကျွန်တော်ရယ်သုံးယောက်တည်းရယ်။ ကားကလည်းအသစ်ချပ်ကျွတ်ကြီးဗျ။
ဒါနဲ့ကျွန်တော်လည်း ကားများမှားစီးမိတာလားလို့ အဲဒီကောင်မလေးကိုမေးကြည့် လိုက်တော့ ''ကားမှားစီးတာမဟုတ်ပါဘူးရှင်။ ရှင်နေ့တိုင်းစီးနေကျလိုင်းကား တစ်စီးထဲကတစ်စီးပါ။ ရှင်တစ်ယောက်တည်းဖြစ်နေတာက အခု ကားလိုင်းမှန်သမျှကိုကျွန်မတို့ခရီးသွားcompany က တာဝန်ယူဆောင်ရွက်ပြီး ငါးမိနစ်ကိုတစ်စီး ပုံမှန်ထွက်ပေးနေလို့ဖြစ်ပါတယ်ရှင်။ ကားများကိုလည်း လုံးဝအသစ်ပဲ ပြေးဆွဲပေးနေပါတယ် ။ ကားခကိုလည်းလုံးဝမယူပဲ အခမဲ့ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။ စပါယ်ယာများကိုလည်း မထားတော့ပဲ ကျွန်မကသာခရီးသည်များရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးသွား
မှာဖြစ်ပါတယ်ရှင်'' လို့သေချာရှင်းပြတော့မှ ကျွန်တော်သေချာရှင်းသွားပါတော့တယ်။
ကျွန်တော်လည်းရုံးပေါ်တက်လာပြီးရုံးခန်းထဲရောက်သွားတော့ ကောင်မလေးတစ်ယောက်က''လူကြီးမင်းရှင့် လူကြီးမင်းရဲ့ လစာထုတ်ရက်ရောက်ရှိနေပြီဖြစ်ပါသဖြင့် လစာထုတ်ယူရန်မန်နေဂျာ ရုံးခန်းထဲကိုကြွရောက်ဖို့ဖိတ်ခေါ်အပ်ပါတယ်ရှင်''လို့လာပြောတော့ကျွန်တော်လည်းမန်နေဂျာရုံးထဲကိုအပြေးလေးသွားလိုက်ပါတယ်။
ရုံးထဲရောက်တော့မန်နေဂျာက ဆီးကြိုပြီး ''ကဲ ကိုတိုး လစာကိုဘာငွေကိုယူမလဲusdယူမလား။စတာလင်ပေါင်ယူမလား။ယူရိုပဲယူမလား''လို့ပြောတော့ကျွန်တော်က
''ဟာဆရာရယ် နောက်စရာရှားလို့ဗျာ။နောက်ပါနဲ့''လို့ပြောတော့ ''ဟနောက်နေတာမဟုတ်ဘူး။တကယ်ပြောနေတာ''လို့ပြောတော့ ကျွန်တော်မျက်လုံးပြူးမိပါတယ်။ ဒါနဲ့ကျွန်တော်လည်း အမေရိကန်ဒေါ်လာတစ်ခါမှမကိုင်ဖူးတော့ ''ယူအက်ဒီ ပဲယူမယ်ဆရာ''လို့ပြောတော့ သူက အမေရိကန်ဒေါ်လာ ဆယ်သိန်းထုတ်ပေးပါတယ်။
ကျွန်တော် ထခုန်မိသွားလား မသိဘူးဗျာ။ ရူးချင်သလိုလိုတော့ဖြစ်သွားတာအမှန်ပါပဲ။
ဒီလောက်များတဲ့ ကန်ဒေါ်လာတွေကို လစာတစ်လစာအတွက်ရမှာဆိုတော့ စဥ်းစားလို့သာကြည့်တော့။
ပြီးမှ ကျွန်တော်က ကန်ဒေါ်လာကိုတော့ မြန်မာနိုင်ငံမှာ ကွန်တော့် အတွက်တော့သုံးစရာသိပ်မရှိပါဘူးလေ
လို့တွေးပြီး'' မြန်မာကျပ်ငွေပဲယူလို့ကောမရဘူးလားဆရာ''လို့မေးလိုက် တော့''ရပါတယ်''ဆိုပြီးကျွန်တော့်ကို
မြန်မာငွေတစ်သောင်းထုတ်ပေး ပါတယ်ဗျ။ ကျွန်တော်က'' ဟင်ဆရာ ကျွန်တော်အရင်ရတဲ့လစာကရှစ်
သောင်းလေဆရာ ။ ခုနကကန်ဒေါ်လာတောင်ဆယ်သိန်းပေးပြီး မြန်မာငွေကိုပေးတော့မှတစ်သောင်းပဲထုတ်ပေးတာ ဆရာမှားနေပြီထင်တယ်''လို့ပြောတော့''ဟာကိုတိုးတော်တော်ခေတ်နောက်ကျနေပြီပဲမနေ့ကတည်းက အပြောင်းအလဲတွေလုပ်လိုက်တာ မြန်မာနိုင်ငံမှာ ငွေကြေးတန်ဖိုးမြင့်သွားပြီ''လို့ပြောလိုက်တော့ ကျွန်တော် လန့်အော်မိသွားတယ်ခင်ဗျ။ ကျွန်တော့်တစ်သက်မှာအိမ်မက်တောင်မမက်ဖူးတဲ့စကားတွေ
ကြားနေရတော့် ကျွန်တော် လန့်သွားတာ မဆန်းဘူးထင်ပါတယ်နော်။
ဒါနဲ့ကျွန်တော်လည်းဝမ်းမြောက၀မ်းသာနဲ့ ကျွန်တော့် အလုပ်စားပွဲရှိရာကိုပြန်လာခဲ့ပါတယ်။
ကျွန်တော့်ဘေးမှာ အလုပ်လုပ်တဲ့သူငယ်ချင်းကိုဒီအကြောင်းကိုပြောပြတော့''ဟုတ်တယ်လေ
မင်းမနေ့က ရုံးပိတ်ရက်ဆိုပြီးပျော်ပွဲစားပြီးမူးနေတော့ ဘာမှမသိလိုက်တာနေမှာ။ အခုမြန်မာနိုင်ငံမှာ အားလုံးပြောင်းလဲသွားပြီကွ အားလုံးပြောင်းလဲသွားပြီ ''လို့ပြောတော့ ကျွန်တော်မျက်ရည်တောင်လည်မိပါတယ်ဗျာ။
ကျွန်တော်လည်း''ဒါဆိုရင်အပြောင်းအလဲအထိမ်းအမှတ်အဖြစ်မင်းကို ဂျေဒိုးနပ်မှာမုန့်လိုက်ကျွေးမယ်လာကွာ''လို့ခေါ်တော့ သူကဘာပြောတယ်မှတ်လဲ။''သူငယ်ချင်းမင်းမသိသေးဘူးကိုး။အခုအွန်လိုင်းပေါ်ကနေပြီး ကိုယ်ကြိုက်တဲ့မုန့်ကိုရွေး ပြီးရင်ကျသင့်တဲ့ဈေးနှုန်းကို ငွေထည့်တဲ့အပေါက်လေးမှာထည့်လိုက်တာနဲ့ ကွန်ပျူတာပေါ်က နှိုက်စားလို့ရပြီကွ''လို့ပြောတော့ကျွန်တော်လည်းလို့သူပြောသလိုလုပ်ကြည့်တော့ ဟုတ်တယ်ဗျာ ကွန်ပျူတာ မှာတောင်မုန့်နှိုက်စားလို့ ရအောင် ကျုပ်တို့
မြန်မာပြည်ကြီးတိုးတက်နေပြီလို့ အရမ်းကိုဝမ်းသာမိတယ်ဗျာ။
ဒါနဲ့ကျွန်တော်လည်း ဒီလောက်တောင်တိုးတက်တာ ဟုတ်ပါ့မလားလို့သံသယ၀င်လာပြီး
''သူငယ်ချင်း ငါအိမ်မက်များမက်နေတာလားမသိဘူးကွာငါ့ပါးကိုနာနာလေးသုံးလေးချက်လောက်ရိုက်
စမ်းပါ''လို့ ရိုက်ခိုင်းတော့ သူငယ်ချင်းက ပါးရိုက်ချလိုက်တာ နာလိုက်တာဗျာ ။ သူကမရပ်သေးပဲ ဆက်ရိုက်တော့ ကျွန်တော်က ''ဟာတော်ပြီဟေ့ နာတယ်ကွ အိမ်မက်မဟုတ်ဘူး အိမ်မက်မဟုတ်ဘူး ''လို့အော်တော့''ဘာအိမ်မက်မဟုတ်ဘူးလဲ'' လို့ဆက်ဆက်ရိုက်ပါတယ်။
''ကျွန်တော်လည်းဟေ့ကောင်တော်တော့လို့ပြောနေတာမရဘူးလား''လို့ဆွဲထိုးမယ်လုပ်တော့မှ
''ဟေ့ကောင် မူးမူးနဲ့အိမ်မက်မက်ပြီးဘာတွေအော်နေတာတုန်း ''လို့ပြောတော့မှ ကျွန်တော်အိမ်မက်မက်ပြီးယောင်နေမှန်း သိတော့တယ်။
'' တစ်ညလုံးမူးအောင်သောက်ပြီး ကောက်ရိုးပုံထဲလာအိပ်နေတယ် ။ ဟိုမှာမင်းအမေလိုက်ရှာနေတယ်။နွားကျောင်းခိုင်းလိုက်တာ နွားလည်းပျောက်၊လူလည်းပျောက်နေလို့တဲ့ငါ့ကိုလိုက်ရှာခိုင်းလိုက်တာ'' လို့ပြောမှ ကျွန်တော်လည်း အိမ်မက်ဆန်းဆန်းအကြောင်းကိုတွေးရင်း နွားပျောက်ကိုလိုက်ရှာပါတော့တယ်။
Saturday, November 5, 2011
ဓါတ်ပုံတွေကလိလို့ကောင်းတဲ့ဆိုဒ်လေးတွေပါ
ဓါတ်ပုံတွေကို တကယ်ကလိလို့ကောင်းတဲ့ဆိုဒ်လေးတွေကိုတင်ပေးလိုက်ပါတယ်
animation လုပ်လို့ကောင်းတာလေးတွေလဲပါတယ်နော
www.avatar pho.to/small
www.photofunny.net
www.lunapic.com
www.fotoflexer.com/editor
www.usa.autodesk.com
www.morphussoftware.net
www.mashupphotos.com
www.pixlr.com/o-matic
www.glitterboo.com
မြန်မာmp3 သီချင်းတွေ ဒေါင်းလော့ဆွဲလို့ကောင်းတဲ့ဆိုဒ်တစ်ခုကိုမသိသေးတဲ့သူတွေအတွက်ညွှန်ပြချင်ပါတယ်
သီချင်းတွေလဲတော်တော်များများကိုစုံတယ်လို့ပြောလို့ရပါတယ်
ကျနော်သီချင်းတွေဒေါင်းချင်လို့ရှာနေတာတော်တော်ကြာပြီဗျ
ဒီဆိုဒ်မှာက ဘာမှလုပ်စရာမလိုပဲကိုယ်ကြိုက်တဲ့သီချင်းတွေ့ရင် တစ်ခါတည်းတန်းပြီးဒေါင်းလိုက်ရုံပဲ။
ကျနော်ကတော့ သဘောတော့အတော်ကျဆိုပါ့ဗျား။ ဒါပေမယ့် ကျနော်အရမ်းလိုချင်နေတဲ့ အယ်နောင်း
ရဲ့ အနောက်တောင်မုတ်သုံ စီးရီးကလုံးဝ ကို မရခဲ့တာကတော့ စိတ်မကောင်းစရာပါ။ ကဲအားလုံးအဆင်ပြေကြပါစေလို့နော်။
http://music.all-channel.com/listenmyanmarmp3.aspx?a=219 မှာဝင်လိုက်နော်

Subscribe to:
Posts (Atom)