ဂစ်တာလေးနဲ့ လသာတဲ့ညတွေမှာ သူငယ်ချင်းတွေကိုစုပြီး သီချင်းဆိုတဲ့ညလေးတွေကိုခံစားဖူးလား။
တောအရက်ကလေးတမြမြနဲ့ ရရာအမည်းလေးတွေရှာပြီး တစ်ရွာလုံးကိုလှည့်ပတ်သီချင်းဆိုရတာကို
ကျနော် တော်တော်လေးကိုသဘောကျတာဗျ။ တကယ်အမှန်ပြောရရင်တော့ သီချင်းဆိုပြစရာ ချစ်သူဆို
လို့ မယ်မယ်ရရ ရှိတာလည်းမဟုတ်ပဲနဲ့ကို ဒီလိုလှည့်ပတ်သီချင်းဆိုပြီး လျှောက်သွားနေရတာကိုပဲ ကျနော်
တို့သူငယ်ချင်းတစ်တွေ ကျေနပ်နေကြပါတယ်။ တစ်ခါတစ်လေ အမည်းမရရင် အိမ်က ဟင်းလေးတွေ
လူကြီးတွေမသိအောင် ခိုးခိုးယူလာပြီးမည်းကြတယ်။ ဒါမှမဟုတ် သရက်သီးပေါ်ချိန်တွေဆို တစ်ရွာလုံးကို
လှည့်ပြီးသရက်သီးတွေ ခိုးစားကြတာ။ ဒါမှမဟုတ်ရင် ရွာနားကချောင်းမှာ လှေကလေးတစ်စီးနဲ့ ကွန်သွားပစ်ကြတာ ။ အဲဒီမှာပဲ အရက်သောက် အဲဒီမှာပဲ ပုဇွန်တွေ၊ငါးတွေ မီးဖုတ်ပြီး အရက်နဲ့မည်းကြတာလေ။
ကဲ ဘယ်လောက်ပျော်စရာကောင်းသလဲ။ ရှိသေးတယ် ပြောဦးမယ်။ဆက်ဖတ်နော်။
(ဆက်လက်ရေးသားပါဦးမည်။)
No comments:
Post a Comment