Thursday, July 12, 2012

ကိုးဆယ့်ကိုး (၉၉) လတ္တံ့

ကျောက်ရိုးမဟာရာဇ၀င်မှ မြောက်ဦးမြို့တွင် သက္ကရာဇ် 1105 ခုနှစ်တွင်နန်းတက်ခဲ့သော နရပတိမင်း လက်ထက် ပညာရှိ င/သိုက်တက်၊ င/လက်ရုံး အားမေသော မြောက်ဦးမြို နန်းတက်ခန်းတွင် ၉၉ လတ္တံ့  ကို
မိန့်မွက်တော်မူခဲ့သည်ကို ကောက်နှုတ်ဖော်ပြလိုက်ရပါသည် ။ 
လက်ရှိ ဖြစ်နေသော ရခိုင် မူဆလင်အရေးအခင်း နှင့် တိုက်ကြည့် နိုင်ပါသည်း)

၁။   မင်းမတရားကျင့်ဖောက်ပြားပြီး တိုင်းသားပြည်သူကြွက်ကြွက်ဆု အိုးကင်းရေကျဖြစ်လတ္တံ့  ။
၂။  လက်နာက်အားကိုး ထိုမင်းရိုး တို့အုပ်စိုးပိုင်ရာ တိုင်းပြည်ရွာမှာ သူခိုးဓါးပြ များလတ္တံ့ ။
၃။  မင်းတို့မတရား တံစိုးစားလည်းများလတ္တံ့ ။
၎။  သူမင်း ငါမင်း အချင်းချင်းလည်း သတ်ဖြတ်ထိုခါ ဖြစ်လတ္တံ့ ။
၅။  ရက္ခပူရ ပြည်ဓညမှာ ၀ါဒလက်ကိုင် စစ်ပွဲပြိုင်ကာ ဘယဘေးကြီး သင့်လတ္တံ့ ။
၆။   ရက္ခပူရ ပြည်ဓည တွင် ရာဇာနတ္တိ မင်းမရှိလည်းဖြစ်လတ္တံ့ ။
၇။  ရခိုင်ပြည်သူကြွက်ကြွက်ဆူ စိတ်ပူကျမ်းသားဖြစ်လတ္တံ့ ။
၈။  ရခိုင်ပြည်သူကြွက်ကြွက်ဆူအားကိုးရာမဲ့ဖြစ်လတ္တံ့ ။
၉။  နိုင်ငံရေးယောင်ယောင် သူတောင်းစားလည်းများလတ္တံ့ ။
၁၀။   ဘုရားကိုကားနိမ့်ရာထား မျောက်ကအထက်ရောက်လတ္တံ့ ။
၁၁။  ရက္ခပူရပြည်ဓညမှာ က၀ိအမတ်ပညာကျော်တို့ ဗလာနတ္တိချောတိတိလည်းဖြစ်လတ္တံ့ ။
၁၂။  ပညာရှိပျောက် ရခိုင်ပြည်မှာ ဘေးကြီးရောက်က လူဆိုးများစွာ ဖြစ်လတ္တံ့ ။
၁၃။  သူမြတ်သားကိုမနာလို  ၀န်တိုစိတ်ဆိုးများလတ္တံ့ ။
၁၄။  သူမြတ်သားကို နိမ့်ရာထား သူငယ်ရောက်အထောက် တမန်ပြုလတ္တံ့ ။
၁၅။   ဘုရား။ တရား စောင့်သူများ ရန်မျိုးကပ်ကြီးလွတ်လတ္တံ့ ။
၁၆ ။  လူကြီးကိုကားနိမ့်ရာထား မင်းကချီးမြှောက် သူငယ်ရောက် အထောက်တမန်ပြုလတ္တံ့ ။
၁၇။   ဘုရား၊တရား မစောင့်ငြား ရန်မျိုးကပ်ကြီးသတ်လတ္တံ့ ။
၁၈။  အမျိုးလေးပါး မစောင့်ငြားက ဘယဘေးကြီး သတ်လတ္တံ့  ။
၁၉။  အမျိုးလေးပါးသိသူများ ဘယဘေးကြီးလွတ်လတ္တံ့  ။
၂၀။  မိခင်၊ဖခင် ဆရာခင်ကို  ကိုးကွယ်သောသူကျန်လတ္တံ့  ။
၂၁း။  မိခင်၊ဖခင် ဆရာရှင်ကို မသိသောသူ ဘယဘေးကြီးသင့်လတ္တံ့  ။
၂၂။  ရ ခိုင်ခေါင်းတုံး ပြည်ရွာသုံး(သုန်း) လည်းဖြစ်လတ္တံ့  ။
၂၃။  ရခိုင်ခေါ်ါငးတုံး ဗမာပြုန်းလည်းဖြစ်လတ္တံ့   ။
၂၄။  ချင်းနှင့်ရခိုင် စားပွဲထိုင် ဗမာအောက်သားပြေးလတ္တံ့  ။
၂၅။  မယူမြစ်ကြီးစည်တော်တီး ကုလားဘေးကြီးသင့်လတ္တံ့  ။
၂၆။  ဘူးသီးတောင်နယ် မြင့်ခေါင်ကုလား စိုးလတ္တံ့  ။
၂၇။  ကုလားခေါင်းတက် အမာနက် အခါကိုးဆယ်ပေါက်လတ္တံ့  ။
၂၈။  ကုလားတို့ရှာ ကျောက်တော်ရွာမှာ ထိုခါတရုတ်တွေ့လတ္တံ့  ။
၂၉။  ဂိစ္ဆျဂုတ်တောင် ပြိတ္တာမောင် လူဖောင်ရောက်လည်းများလတ္တံ့  ။
၃၀။  မုသ၀ါဒါ ပြောဆိုခါ များစွာစားသောက်များလတ္တံ့  ။
၃၁။  မိဘကိုကား နိမ့်ရာထား သာကဆရာခံ လတ္တံ့  ။
၃၂။  မိန်းမယောင်္ကျား ထိုသူများ  တို့ ဒုက္ခ ဘေးကြီးတွေ့လတ္တံ့  ။
၃၃။.   ရက္ခပူရပြည်ဓညမှာ မိန်းမများစွာ လက်ကောက်ခြေကျင်းကွတ်လတ္တံ့ ။
၃၄။  ထိုသောမိန်းမ က္ကိတိယတို ခဗဇာထမင်းချက်လတ္တံ့  ။့ 
 
၃၅။  ရက္ခပူရပြည်ဓညမှာ ရွှေငွေ အသပြာ  ရတနာချောတိတိလည်းဖြစ်လတ္တံ့ ။
၃၆။  ရက္ခပူရပြည်ဓညမှာ မ၀မ်းစာဖြစ်လတ္တံ့  ။
၃၇။ေ သွးသားသွေးမြတ် လူသူမြတ်တို့ နာမ်ရုပ်ထိုခါ ပြလတ္တံ့  ။
၃၈။  မ ယားစားမည် သားစားမည် ချောင်းဖျားသျှေ မျှင်ချောင်ထိုးလို့ရှာလတ္တံ့  ။
၃၉။  အင်္ကျီ မဟုတ် ကုလားခြုပ်လည်းဝတ်လတ္တံ့  ။
၄၀။  သင်္ဘောမဟုတ် ဘရဘုတ် နှင့် စီးရသူများစွာပေါ်လတ္တံ့  ။
၄၁။ေ ယာင်္ကျားမပီ လူဗပီ လည်းများလတ္တံ့  ။
၄၂။  အကျီင်္လက်တို လူပပေါ်လည်း များလတ္တံ့  ။
၄၃။  မိန်းမမတရားလင်မြှောင်ထားလည်း များလတ္တံ့  ။
၄၄။  အပျိုကညာ ရတနာစစ် အသရေမလုံ ရူပါရုံနှင့် သားမြတ်ပေါါ်အောင်ဖြစ်လတ္တံ့  ။
၄၅.။  မိန်းမမတရားကျင့်ဖောက်ပြား ပြီး စီးပွားကုန်သည်လုပ်လတ္တံ့  ။
၄၆.။   မိန်းမမတရားကျင့်ဖောက်ပြားပြီး လောင်းတမ်းကစား များလတ္တံ့ ။
၄၇။   ထို သို့မိန်းမ ဖွားသည့်သားက သူခိုးဓါးပြ ဖြစ်လတ္တံ့  ။
၄၈။  ထိုသို့မိန်းမ ဖွားသည့်သားက လူလိမ်လူညာဖြစ်လတ္တံ့  ။.
၄၉။ေ တာင်ကအောက်ချင်း ပြားကိုဆင်း အောက်ချင်းဖော်ရှိ ရှာလတ္တံ့  ။
၅၀။  ကျေးဇူးမသိ လူတိတ္တိ လည်းများ လတ္တံ့  ။
၅၁။  ဘုရားပြကာ စီးပွားရှာ အချောင်စားလည်းများလတ္တံ့  ။
၅၂။  အခါကိုရှောင် သီလကြောင် အချောင်မုသား ပြောလတ္တံ့  ။
၅၃။ေ ခါင်းတုန်းရိတ်ကာ သင်္ကန်းဝါ ဦးစီးရဟန်းပေါ်လတ္တံ့  ။
၅၄။    ကျောင်းထိုင်သံဃာ သင်္ကန်းဝါ ဘဏ္ဍာစုသူများ လတ္တံ့း။
၅၅။   ပိဋကတ်သုံးပုံ မလုံခြုံ ဆူတုံနိမ့်မြင့် များလတ္တံ့  ။
၅၆။  သိက္ခာ မစုံမလုံခြုံ ငြင်းခုံ ခိုက်ရန်များလတ္တံ့  ။
၅၇။.  စားပြီးအိပ်နေဘိက္ခဝေ ကျောင်းစရိတ်မရ ဒေါသထွက်လည်းများလတ္တံ့  ။
၅၈။  ဘုန်းကြီးမတရား ကျော့င်းကြီးစားလည်းများလတ္တံ့ ။
၅၉။  ဘုန်းကြီးယောင်ယောင် ကျောင်းတစ်ဆောင်နှင့် မင်းခေါင်ဆရာများလတ္တံ့ ။
၆၀။  အရည်းရဟန်း တက္ကထွန်းလည်း ကိုးကွယ်များလတ္တံ့ ။.
၆၁။  ရက္ခပူရပြည်ဓညတွင် မြတ်ရှင်ဗုဒ္ဒ ကိုယ်စားလှယ်လည်း တောကထိုခါ ပြလတ္တံ့ ။
၆၂။   နတ်တို့ဖူးမှန် ကန်တော့သံကို ရခိုင်အမှန်ကြားလတ္တံ့ ။
၆၃။ေ  ၀သာလီတောင်ရင်း တောမတွင်က စောင်းညှင်းတူရိယာ တီးလတ္တံ့ ။
၆၄။  ရက္ခပူရပြည်ဓညမှာ သာသနာအရောင် တပြောင်ပြောင် နေလပ မာ ပွား လတ္တံ့ ။
၆၅။   ဥတ္တမဓူရ ပြည်ရက္ခ တွင် အကျင့်ထူးဆန်းသီလပန်းနှင့် ရဟန်းကိုးပါးပေါ်လတ္တံ့ ။
၆၆။  သာသနာဒါယကာ ဘောင်များစွာတို့ သဒ္ဒါရွှင်လန်း ဖြစ်လတ္တံ့ ။
၆၇။  ရက္ခပူရ ပြည်ဓညတွင် ရွှေငွေ အသပြာ ရတနာ နှင့် ဆန်ရေစပါး ပွားလတ္တံ့ .။

၆၈။  ရခိုင် ပြည်သူ ခပ်သိမ်းလူတို့ မေတ္တာတရား ပေါ်လတ္တံ့ ။
 ၆၉။  ရက္ခပူရ ပြည်ဓညတွင် သာသနာကမ္မ ဌာန်း စီးဖြန်းသောသူများလတ္တံ့ ။
၇၀ ။   သကြားဒေ၀ါ နတ်တကာတို့ မှာ များစွာကူညီလတ္တံ့ ။
၇၁။   ငြ ပီ ပဒုံး (အမြီး) မြို့ကိုဖုံး  စစ်တွေမြို့ ကြိးပျက် လတ္တံ့။
၇၂ ။ြ မစ်ဆိပ်ကမ်းနား နေသူများ လည်းဒုက္ခ ဘေးကြီး တွေ့လတ္တံ့ ။
၇၃။   ကုလားတန် ပါး ရွာ လျင်များ ကို အပိုင်ကုလား သိမ်းလတ္တံ့ ။
၇၄။  သာသနာရောင် ၀ါ  ထိုးသောခါ ဘူးသီးတောင် မှ မြင့်ခေါင်ကုလားပြန် လတ္တံ့ .။
၇၅။  ကစ္ဆပ နဒီ မြစ်ညာ ဆီက ရေမင်း ထိုခါ ပြ လတ္တံ့ ။
၇၆။  မိုးကြိုးကန်မှာ မိုးကြိုး န ဂါးရောက် လတ္တံ့ ။
၇၇။  ရက္ခပူရ ပြည်ဓညတွင် နောင်လာမြော်မြင် ပညာရှိတို့ များစွာ ထိုခါပေါ်လတ္တံ့  ။
၇၈။  ပညာရှိနောင်ခါ တိုင်းပြည်ရွာ သာယာဝပြောများလတ္တံ့  ။
၇၉။ြ ငိမ်းချမ်း တိုင်းပြည် ရှိတုန်းလေ  စစ်သည်များစွာ နာလတ္တံ့ ။
  ၈၀။  စစ်သည်နာပြီးစည်တော်တီး ဘုန်းမီးနေရောင်တောက်လတ္တံ့ ။
  
၈၁။   မောင်းေ ဆွးနတ်ကြီး တဟီးဟီး နတ်မောင်းထိုခါ တီးလတ္တံ့ ။
၈၂။ြ သရမ နတ်ကြီး စည်တော်တီး ပြည်ကြီးအောင်လံ ထူလတ္တံ့ ။
၈၃။   ထိုေ မာင်းတီး ခါ လူမိစ္ဆာတို့ မုချ ထိုခါေ သလတ္တံ့ ။
၈၄။ေ ဘာင်းဒွတ် နတ်ကြီး စည်တော်တီး ပြည်ကြီး သာယာဖြစ်လတ္တံ့ ။
၈၅။  မျက်စိ မျက်ဆံ ကုလားတန်က လှံပျံ ထိုခါဝင် လတ္တံ့ ။
၈၆။  တချို့မယုံ တချို့ယုံ ငြင်းခုံ ထိုခါဖြစ်လတ္တံ့ ။
၈၇။  ၀ိဇ္ဖာ ယောင်ယောင် သီလကြောင်လည်း များလတ္တံ့ ။
 ၈၈။  ဘုန်းကြီးတန်းကြီး  အသီးသီး တို့ ပူဆွေး ဒုက္ခ ဆိုက်လတ္တံ့ ။
၈၉။  ရ က္ခပူရ ပြည်ဌာနီတွင် လိမ်လည် မတရားတို့ ထိုသူများ လည်း ဒုက္ခဘေးကြီးဆိုက်လတ္တံ့ ။
၉၀။  ရက္ခပူရ ပြည်ဓညတွင် ဂုမ္ဘာန် တစ်ထောင်ထွက်လတ္တံ့ ။
၉၁။  ဂုမ္ဘာန် ထွက်ခါ လူ မိစ္ဆာတို့ ဘယဘေးကြီး ဆိုက်လတ္တံ့ ။
၉၂။  အရှေ့ထွက်ညှက် အနောက်ပျက်  မုချထိုခါဖြစ်လတ္တံ့ ။
၉၃။  အလယ်တရိုးရွှေထီးမိုး ရခိုင်ပြည်မှာ ဘုန်းတန်ခိုးလည်းတက်လတ္တံ့ ။
၉၄။ေ ရွှငွေ အသပြာ ရတနာလည်း အိမ်တိုင်ယာရောက် ပွားလတ္တံ့ ။
 ၉၅။  ဘုန်းရှိပေါ်ပေါက် ဘုန်းမဲ့ပျောက်လည်း ဖြစ်လတ္တံ့ ။
၉၆။  ရက္ခတိုင်းပြည် ရှေ့တွင် လေ လူဆွေ အထွဋ် မြတ်မဟာတို့ ထိုခါတရုတ်ပင့် လတ္တံ့ ။
၉၇။  တရုတ်ပင့်လိုက် သက္ကရာဇ် ထွက် စစ်သင်္ချာကြီးန၀မ်းရာသီ စက်ပြည်ချက် ဝေါဟာရ သယ်လာ
          သေ င်္ဘာဖောင်နှင့် မျောလှ သွင်းငြား အင်းပေါက်ဝသို့ ရောက်လတ္တံ့ ။
၉၈။  အင်းပေါက်ဝ ၀င် မှိုင်းမှိုင်းလျှင် ပျံဗျာလ် ကစ္ဆပ ဟုကမ်းမှာ လင်္ကျာ နာမဘွဲ့ရှိ  သရီချောင်းဖျာ;

                  ဒသရာဇာသိမ်တော်ရင်းမှာ   တင်ကာကိုးကွယ်ဖြစ်လတ္တံ့ ။
၉၉ ။ တရုတ်ကုန်လတ်အချိန်စေ့သော် ရခိုင်ဘုရင်စင်္ကြာရှင်ကို မေစန္ဒီဟူသော သမီးတော်ကညှာတစ်ပါး
         ဆက်လတ္တံ့ ။

No comments:

Post a Comment