ပန်းတော့ဖြစ်ခဲ့တယ် ဒါပေမယ့် မပွင့်ခဲ့ဘူး
လမ်းတော့တွေ့ခဲ့တယ် ဒါပေမယ့် မလျှောက်ခဲ့ဘူးတဲ့
တစ်ယောက်သောသူက လည်း မချစ်တော့ဘူးဆိုပဲ
မတွေ့ဖြစ်ခဲ့ရင်ကောင်းမယ်လို့ မတွေးမိတတ်ရင်ကောင်းမှာပဲနော်
ငါက သေမတတ်အောင်လည်းလွမ်းတတ်သေးသတဲ့
လမ်းတော့တွေ့ခဲ့တယ် ဒါပေမယ့် မလျှောက်ခဲ့ဘူးတဲ့
တစ်ယောက်သောသူက လည်း မချစ်တော့ဘူးဆိုပဲ
မတွေ့ဖြစ်ခဲ့ရင်ကောင်းမယ်လို့ မတွေးမိတတ်ရင်ကောင်းမှာပဲနော်
ငါက သေမတတ်အောင်လည်းလွမ်းတတ်သေးသတဲ့
ကြားနေ ကာလတွေမှာ ဘာအမှားတွေမှမလုပ်ရပါပဲ
ငါ့ကို အပြစ်ရှာတာဘာသဘောလဲ
တရားတွေကတော့ရှိတယ်
ကြားလေသွေးလို့ဝေးတယ်ဆိုတာ နားလည်ပေးမှုနည်းလို့လေ
အနားနေပေးဖို့ကလည်း မင်းကခွင့်ပြုတတ်ရမယ်
ငါ့ကို အပြစ်ရှာတာဘာသဘောလဲ
တရားတွေကတော့ရှိတယ်
ကြားလေသွေးလို့ဝေးတယ်ဆိုတာ နားလည်ပေးမှုနည်းလို့လေ
အနားနေပေးဖို့ကလည်း မင်းကခွင့်ပြုတတ်ရမယ်
တစ်ယောက်ကို တစ်ယောက် က သစ္စာ ထားတယ်ဆိုတာ
ချစ်လို့ပဲ မဟုတ်လား
ချစ်လို့ပဲ မဟုတ်လား
ငါ့ကိုပစ်ထားခဲ့ဖို့ လား
ငါမေးတာမှားလားကွယ်
ပြန်တွေးရင် ဒဏ်ရာတွေ တထွေးတစ်ပွေ့နဲ့ ငါလေ
ကျန်နေခဲ့တာရယ်ကို သိပြီး နင်ပျော်တတ်တာလား
ဒါမှမဟုတ်
ကျန်နေခဲ့တာရယ်ကို သိပြီး နင်ပျော်တတ်တာလား
ဒါမှမဟုတ်
ငါ ငိုရမှာကို သိလျက်နဲ့
နင် ရက်စက်တာလားကွယ်
နင် ရက်စက်တာလားကွယ်
ထားလိုက်ပါတော့လေ
ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့ လားလို့မေးတယ် ဆိုသလိုဖြစ်နေပြီ
ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့ လားလို့မေးတယ် ဆိုသလိုဖြစ်နေပြီ
ငယ်ငယ်က အမေရိုက်တုန်းကလို မှတ်ပလားမှတ်ပလားလို့
ငါ့ဘ၀ မှာ နောက်များ မချစ်မိအောင် သတိထားပါတော့မယ်လေ
No comments:
Post a Comment