Saturday, August 18, 2012

ကြိုး

ကြိုး

မနမ်းဖူးပေမယ့်လည်း အလွမ်းသင့်ခဲ့ပြီ
မထူးဆန်းဘူးဆိုပေမယ့်လည်း လေဟာနယ်ထဲက ကွန်ယက်တွေနဲ့ 
အိမ်မက်လို ကြိုးတွေတွယ်ခဲ့တယ်.........

နွယ်မဟုတ်လို့လည်း ဖြတ်ရခက်ပါတယ်
သံမဟုတ်လို့လည်း ချေးတက်ဖို့ရန်မလွယ်ပါဘူး.....
ရင်ဘတ်ထဲကိုသာ ညင်သာစွာ တိုးဝင်ခဲ့လို့ 
ကြင်နာစွာပဲ သာယာကြည်နူးမိတယ်.............

ကြိုးကလေးရယ်...........
တွယ်တာစွာ ရစ်ချည်ခဲ့ပြီးမှ
မညီမညာ အတင်းလွန်ပြီး ပြတ်ထွက်သွားမှာ စိုးမိတယ်ကွယ်..............

ကြိုးကလေးရယ်.......
ငါ့ရင်ထဲကို စိတ်ကြိုက်မွှေနှောက်ခွင့်လည်းပေးပါတယ်
တစ်နေ့ကျရင် ငါ့ကိုပစ်သွားမယ်မှန်းလည်း သိပါတယ်.........

ဒီတစ်ခါအချစ်ရှုံးရရင်တော့ 
အတုံးအရုံးလဲမှာ ငါသိလျက်နဲ့
ပြုံးပြုံးလေးပါပဲ
ကြိုးကလေးကို ငါချစ်ခဲ့တယ်........

ကြိုးကလေးကို ငါချစ်ခဲ့တယ်...........
ရာထောင်ချီတဲ့ အိမ်မက်ညများစွာကို ဖယ်ခွာပြီးချစ်တယ်
ဘောင်တွေမည်ီတဲ့ မှောင်မိုက်မှုများစွာကို စိန်ခေါ်ပြီး ချစ်တယ်
ရောင်စဉ်တွေမပီတဲ့ အရုံဦးစကို မျှော်ရသလို ချစ်တယ်

ကြိုးကလေးကို ငါချစ်ခဲ့တယ်...........
ငိုရမယ့် မျက်ဝန်းတွေနဲ့ စောင့်ရက်ချစ်တယ်
ပြိုရမယ့် နှလုံးသားတွေနဲ့ နင့်ပြီး ချစ်ခဲ့တယ်
ဘောင်ခတ်တဲ့ စည်းတွေကို ကျော်လွန်ပြီး ချစ်ခဲ့တယ် 

နောင်တရဲ့ခရီးလမ်းမှာ ဒဏ်ရာတွေ လှည်းတစီးတိုက်နဲ့
ဝေးရမယ့် အချိန်ကို စောင့်ရင်း ကြိုးကလေးကိုချစ်ခဲ့တယ်

ကြိုးကလေးကို ငါချစ်ခဲ့တယ်...............

No comments:

Post a Comment