သမ္မတ ဦးသိန်းစိန် ဒီကနေ့ဖွဲ့စည်းလိုက်တဲ့ ရခိုင်ပြည်နယ်အရေး
စုံစမ်းစစ်ဆေးရေးကော်မရှင်မ
က်ကြားပဋိပက္ခ အခြေအနေတွေတင်းမာနေဆဲဖြစ်တာ ကြောင့် အခုလို သမ္မတညွန်ကြားချက်နဲ့ ဖြစ်ရပ်အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးဖို့ ကော်မရှင်ဖွဲ့စည်းလိုက်တာကိုကြိုဆိုကြောင်း အဖွဲ့ဝင် မြန်မာမူဆလင်လူငယ်များအဖွဲ့ ဥက္ကဌ ဟာဂျီဦးမြင့်ထွန်းကပြောပါတ ယ်။
အခုလို ပြည်တွင်းအလွာပေါင်းစုံက သမာသမတ်ရှိတဲ့သူတွေပါဝင်ဖွဲ့ စည်းထားတဲ့ ကော်မရှင်အနေနဲ့ နိုင်ငံတကာစုံစမ်းရေးကော်မရှင်ထက်ပိုပြီးအချက်အလက်တွေကို ထိထိရောက်ရောက်ဆောင်ရွက်ပေး နိုင်မယ်လို့ အဖွဲ့ဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်ကဆိုပါတယ်။
စုံစမ်းစစ်ဆေးရေးကော်မရှင်က ဆောင်ရွက်ရမယ့်တာဝန်တွေထဲမှာ ရခိုင်ပြည်နယ်မှာ ကွဲပြားတဲ့ ဘာသာအယူဝါဒရှိသူ မတူညီတဲ့ လူမျိုးစုတွေအကြားငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်တဲ့နည်းလမ်းေ တွကိုလည်း စုံစမ်းစစ်ဆေးရမယ်ဆိုတဲ့အချ က်ပါဝင်ပါတယ်။
ရခိုင်ပြည်နယ်ကိစ္စမှာ အဓိက အငြင်းပွားစရာဖြစ်နေတဲ့ ရိုဟင်ဂျာ
ကိစ္စနဲ့ပတ်သက်လို့ စွပ်စွဲခံနေရတဲ့ ၁၉၅၀ခုနှစ် တ၀ိုက် ဖဆပလအစိုးရ
ဝန်ကြီးချုပ်ဟောင်း ဦးနုလက်ထက်ကအခြေအနေနဲ့ ပတ်သက်လို့
စုံစမ်းစစ်ဆေးရေးကော်မရှင်အ ဖွဲ့ဝင် ဦးနုသမီးဖြစ်သူ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့  အတွင်းရေးမှုးချုပ် ဒေါ်သန်းသန်းနုကတော့ သမိုင်းအထောက်အထားနဲ့တကွအသေ အချာစုံစမ်းဖို့လိုတယ်လို့ေ ပြာပါတယ်။
တဖက်မှာလည်း စုံစမ်းစစ်ရေးကော်မရှင်အနေနဲ့ အချိန် တစ်လပဲရရှိတာကြောင့် နိုင်ငံတော်အစိုးရရဲ့ပံပိုး မှုလိုအပ်တယ်လို့ ဦးအေးသာအောင်ကပြောပါတယ်။ ဒေသခံရခိုင်ပြည်သူတွေကတော့ သမ္မတရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်အ နေနဲ့ အချိန်တလအတွင်း မှန်မှန်ကန်ကန် အချက်အလက်တွေကို မှန်မှန်ကန်ကန်ပြည့်ပြည့်စုံစုံ စုံစမ်းရှာဖွေနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်းပြောဆိုနေ ကြပါတယ်။
မအင်ကြင်းနိုင်ကမေးမြန်းပြီး စုစည်းတင်ပြထားပါတယ်။
အခုလို ပြည်တွင်းအလွာပေါင်းစုံက သမာသမတ်ရှိတဲ့သူတွေပါဝင်ဖွဲ
စုံစမ်းစစ်ဆေးရေးကော်မရှင်က
တဖက်မှာလည်း စုံစမ်းစစ်ရေးကော်မရှင်အနေန
မအင်ကြင်းနိုင်ကမေးမြန်းပြီ
No comments:
Post a Comment