မိရိုးဖလာ မြန်မာ့ နတ်သမိုင်းကြောင်းစစ်တမ်း
ewfrsm;tm;udk;uG,faomt,l0g'onf
jrefrmEkdifiHüomr[kwfyJ urÇmt&yf&yf&Sd a'otoD;oD;wGif acwftqufqufu
tESHYtjym;xGef;um;cJYonf/ ewfwkdYudk vlrsm;rS udk;uG,fMuonfrSm rdrd
wkdYxufydkrkddaom wef;ckd;tmPm&SdaMmif;udk ,kHMunfaomaMumifhjzpfonf/
ewfudk;uG,fjcif;onf urÇmOD;tpuwnf;u a’otoD;oD;rS vlrsKd;wkdif;ü&SdcJYjyD;
vlrsKd;toD;oD;wkdYonf 4if;wkdY\aexkdif&ma'o&Sd wefckd;&Sdonf [k
,lq&aom ewfrsm;udk trnfrsKd;pkHay;í ukd;uG,fcJYMuonf/
ကမ္ဘာ့ဒေသအသီးသီးမှ နတ်များ
ရှေးခေတ် ဂရိလူမျိုးများက 4င်းတို့၏ နတ်ကို ဇု ဟုလည်းကောင်း ရောမလူမျိုးများ က ဂျူပီတာ ဟုလည်းကောင်း ယဟူဒီလူမျိုးများက အဒိုနေဟုလည်းကောင်း ခရစ်ယာန် တို့က ဂျီဟိုးဗား ဟုလည်းကောင်း နာမည်များအသီးသီပေး ပြီး ကိုးကွယ်ခဲ့ကြသည်။ ရှေးအခါက လူများနှင့် လူရိုင်းများသည် နတ်များ ကို အလွန်ယုံကြည်ခဲ့ပြီး ကိုးကွယ်မှုပြုခဲ့ ကြသည်။ ၄င်းတို့ကိုးကွယ် ခဲ့သောနတ်များ မှာ အများအပြားရှိခဲ့သည်။
ရှေးခေါတ်လူသားတို့က နေမင်းကို နေ့အခါ အလင်းရောင်ရသောကြောင့် နေနတ်သား ညအခါ လမင်းကို အလင်းရောင်ရသောကြောင့် လနတ်သား မိုးရွာသောအခါ လူတို့ပူအိုက်ခြင်းမှသက်သာပြီး သစ်သီးဝလံများ ဖွံ့ဖြိုးတိုးတက်လာ သည်ကိုယုံကြည်သောကြောင့် မိုးနတ်သား တောင်များ တွင် သစ်ပင်များ ပေါက်ရောက်ပေးသဖြင့်တောင်စောင့်နတ် စသဖြင့် ကိုးကွယ်ကြရာမှ နတ်အရေအတွက် တဖြည်းဖြည်းများလာခဲ့သည်။ ရှေးခေတ်လူသား တို့သည် ၄င်းတို့ ကိုးကွယ်သောနတ်အားလုံးသည် ကောင်းကင်တည်းဟူသောဖခင်နှင့် မိခင်တည်း ဟူသောမဟာပထ၀ီမြေ ကြီးမှ မွေးဖွားလာသည် ဟု အယူအဆ ရှိကာကောင်းကောင်နှင့် မြေကြီးအားနတ် ဘုရား များဟုပင် ယူဆလျှက်ရှိကြပေသည်။
လူတို့သည် ၄င်းတို့ထက် တန်ခိုးအာဏာ ပိုမိုကြီးမားသော နတ်များထံတွင် ၄င်းတို့၏ကိစ္စများပြီးမြောက်စေရန်အတွက် အကူအညီများတောင်းခံလေ့ရှိကြသည်။ ကမ္ဘာဦး ကလူများ ကိုးကွယ်သောနတ်များသည် လူများကဲ့သို့ပင် စိတ်ဆိုးတတ် မနာလိုဝန်တိုတတ် ရန်ညိုးထားတတ်ကြသဖြင့် လူများမှနတ်များအား စားဦးစားဖျားများကို ပူဇော်ပသ ပြီး ၄င်းတို့ အခက်အခဲများကို အကူအညီတောင်းခံလေ့ရှိကြသည်။
မြန်မာနိုင်ငံမှ နတ်များသမိုင်း အစ
ထို့အတူ မြန်မာနိုင်ငံတွင်လည်း ပုဂံခေတ် အနော်ရထာ မင်းလက် ထက်မတိုင်မီက ထေရ၀ါဒဗုဒ္ဒဘာသာ သာသနာရှိခဲ့သော်လည်း မဟာယာနဗုဒ္ဒဘာသာ ၀င်တို့ မန္တရယာန ၊ တန္တယာန ၊ အရည်းကြီးများလွှမ်းမိုးခဲ့ ပြီးနတ်ကိုးကွယ်မှုသည် လိုအပ်သည်ထက် ပိုပြီး ရှေ့တန်းရောက်ခဲ့သည်။ အေဒီ ၄ရာစု သေလည်ကြောင်မင်း (၂၆၆-၃၀၉) လက်ထက်မှစပြီး မင်းနှင့်တကွ ပြည်သူများကိုးကွယ်ခြင်းခံရသော မင်းမဟာဂီရိနတ် မောင်နှမများ၏ အရှိန်အဟုန်သည် အလွန်ပင်မြင့်မားခဲ့သည့်အချိန်ဖြစ်သည်။ ထိုအချိန်က နတ်ကိုးကွယ်သူများသည် မိမိတို့၏ အိမ်ရှေ့ တွင်နတ်ကွန်း နတ်အိမ်များဆောက်ပြီး နတ်ရုပ်များထည့်သွင်းကာ နေ့စဉ်နေ့စဉ် အစားအစာကို တင်မြှောက်ပသပူဇော်ခဲ့သည်။ ထိုကဲ့သို့ နတ်ကိုးကွယ်မှုများ အလွန်အကျွံ ရှေ့တန်းရောက်ခဲ့ပြီး နတ်နှင့် လူ ပုံမှန်ဆက်ဆံရေးထက် ကျော်လွန်လာခဲ့သောကြောင့် အနော်ရထာဘုရင် လက်ထက်တွင် မင်းမိန့်ဖြင့် နတ်ကွန်းများ နတ်အိမ်များကို ဖျက်ဆီး ကာနတ်ရုပ်များကို စုစည်းကာ သံကြိုးဖြင့် ချည်ကာပုဂံ ရွှေစည်းခုံဘုရား တံတိုင်းအတွင်း ထောင့်တစ်ထောင့်တွင် ယနေ့တိုင် တွေ့မြင်လျှက်ရှိသည် ။
အတွင်း (၃၇) မင်း နှင့် အပြင်၃၇ မင်း နတ်ခွဲခြားပုံ
ထိုအချိန်မှစပြီး ရွှေစည်းခုံတံတိုင်းအတွင်းထားခဲ့သောနတ်များကို အတွင်းသုံးဆယ့်ခုနစ်မင်းဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ပြီး ရွှေစည်းခုံဘုရား တံတိုင်းအပြင်ဘက်တွင် ထားရှိသောနတ်များကို အပြင်သုံးဆယ့်ခုနစ်မင်း ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ကြသည် ။ ပုဂံခေတ်က အတွင်းသုံးဆယ့်ခုနစ်များသည် သုံးဆယ့်ခုနစ်မင်း ပြည့်ခဲ့သော်လည်း အပြင်သုံးဆယ့်ခုနစ်မင်းနတ်များမှာ ၂၂ ပါးသာ ရှိခဲ့ပြီး တောင်ငူခေတ်ရောက်သောအခါမှ အပြင်၃၇မင်း နတ်၃၇ မင်းပြည့်ခဲ့သည်ဟု မှတ်တမ်းစာများတွင်တွေ့ရသည်။ အတွင်းနှင့် အပြင်ဟူသောဝေါဟာရသည် ရွှေစည်းခုံ ဘုရားတံတိုင်းအပြင်ဘက် နှင့် အတွင်းဘက် တည်နေရာကို အစွဲပြုပြီးဖြစ်ပေါ်လာရခြင်း ဖြစ်ပြီး အာဋာနာဋိယ သုတ်ကြီးတွင် ဘုရားရှင်ဟောကြားတော်မူခဲ့သော နတ်စစ်သူကြီး ၃၇ ပါးကို အတုယူကာ ပုဂံခေတ် နတ်ကိုးကွယ်သူများက အတွင်းအပြင် ဟူသောဝေါဟာရနှင့်တွဲဖက်ကာ အတွင်း ၃၇ မင်းနှင့် အပြင် ၃၇ မင်း နတ်ဟုသတ်မှတ်ခဲ့ဟန်တူပေသည်။
ထိုခေတ်က ပြည်သူများ၏နားတွင် ၃၇ ဂဏန်း သည်ဘာသာရေးနှင့်လောကီ ပညာရပ်များ အသီးသီးတွင် မြင်မြင့်မားမား နေရာယူခဲ့သောကြောင့် အတွင်း၃၇ မင်းနှင့် အပြင် ၃၇ မင်း ဟူသောအမည်များ တွင်ကျယ်လာသည်ဟုယူဆနိုင်ကြောင်း မှတ်တမ်းအချို့ တွင်တွေ့ရပါသည်။
(ဆက်ရေး ရန်ကျန်ပါသေးသည်။)

No comments:
Post a Comment