ဈေးရောင်းကောင်းသူ
စတိုးဆိုင်ကြီးတစ်ခုအတွင်းမှာ
ချောချောမောမော လှလှပပ မိန်းခလေးတစ်ယောက်ဟာ ဈေးဝယ်နေပါတယ်.. အဲဒီမှာ
အဆင်လှလှ ပိတ်စလေးတစ်စကို တွေ့လိုက်ရတော့ ၀ယ်ယူဖို့အတွက် အရောင်းကောင်ဆီမှာ
“တစ်ကိုက်ကို ဘယ်လောက်လဲ” လို့ ဆိုင်ရှင်ကို ဈေးမေးလိုက်ပါတယ်..
ဆိုင်ပိုင်ရှင်က လူလတ်ပိုင်းအရွယ် ယောက်ျားတစ်ယောက်ဖြစ်ပါတယ်..
ဆိုင်ရှင်ကလည်း ချောချောလှလှ ကောင်မလေးကို ခပ်ပြုံးပြုံးနဲ့ “တစ်ကိုက်ကို
အနမ်းတစ်ပွင့်ဘဲ ပေးပါ” လို့ ပြန်ဖြေလိုက်ပါတယ်.. ဒီတော့ ကောင်မလေးကလည်း
“အိုကေလေ ကောင်းတာပေါ့.. ဒီလိုဆို ကျွန်မ ဆယ်ကိုက်ယူမယ်” လို့
ပြောလိုက်ပါတယ်.. ဆိုင်ရှင်က အကွက်တော့ ၀င်ပြီဆိုပြီး ပြုံးရွှင်စွာနဲ့
မျှော်လင့်ချက်တွေပြည့်ပြီး အားရကျေနပ်တဲ့ မျက်နှာနဲ့ ပိတ်စ ဆယ်ကိုက်ကို
အမြန်ဆုံး တိုင်းထွာလိုက်ပါတယ်..
ပြီးနောက်
အစကို ကပ်ကြေးနဲ့ ဖြတ်လိုက်ကာ အိတ်ကလေးတစ်ခုနဲ့ ထုပ်ပိုးပြီး ကောင်မလေးကို
လှမ်းပေးလိုက်ပါတယ်.. ကောင်မလေးက အိတ်ကို လှမ်းယူလိုက်ပြီးနောက်
မလှမ်းမကမ်းမှာ ရပ်စောင့်နေတဲ့ အသက်ခပ်ကြီးကြီး လူကြီးတစ်ယောက်ကို
လက်ညိုးညွှန်လိုက်ကာ ဆိုင်ရှင်ဖြစ်သူကို အပြုံးလေးနဲ့ ပြောလိုက်တာက “ကျသင့်တန်ဖိုးကို ကျွန်မရဲ့အဖိုးက ကျွန်မကိုယ်စားရှင်းပေးလိမ့်မယ် ” လို့ ပြောပြီး သူ့ရှေ့ကနေ ထွက်ခွာသွားပါတော့တယ်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမှန်တရား
ဆမ်
နဲ့ ဂျွန်တို့ဟာ နေ့လည်စာ စားနားချိန်မှာ အစာစားရင်း စကားပြောနေကြပါတယ်..
ဆမ်က “ ငါ ပိုက်ဆံကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူရှာလို့ရတယ်ဆိုတာ
သိထားတယ် ” လို့ ဂျွန်ကို ပြောလိုက်ပါတယ်.. ဒီတော့ ဂျွန်က
“ဘယ်လိုရှာရမလဲ.. ကျွန်တော့ကိုလည်း နည်းလမ်းလေး ဘာလေး ပေးပါဦး ” လို့
မေးလိုက်ပါတယ်.. ဒါနဲ့ ဆမ်က “အိမ်ရောက်ရင် မင်းအဖေဆီကိုသွား… ပြီးရင် အဖေ
ကျွန်တော် အမှန်တွေ သိထားတယ်နော် လို့ ပြောလိုက်.. ဒါဆိုရင် မင်းအဖေက
မင်းကို ပိုက်ဆံထုတ်ပေးလိမ့်မယ် ” လို့ ပြောပြပါတယ်..
ဒေါ်လာ၃၀ရပြီး
ပျော်နေတဲ့ ဂျွန်ဟာ ရတဲ့ပိုက်ဆံနဲ့ မုန့်ဝယ်စားဖို့ အိမ်အပြင်ကို
ထွက်လာပါတယ်.. မုန့်တွေရောင်းတဲ့ ဆိုင်တွေဘက် အရောက်မှာ သူ့အိမ်ကို
နွားနို့ပို့နေကျ လူကြီးကို တွေ့လိုက်ရပါတယ်.. ဒါနဲ့ ဂျွန်က
ပိုက်ဆံထပ်ရအောင်ကြံဦးမှလို့ စိတ်ကူးပြီး နွားနို့ပို့တဲ့လူကို “ကျွန်တော်
အမှန်အတိုင်းသိနေတယ်နော် ” လို့ ပြောလိုက်ပါတယ်..
ဒီတော့ နွားနို့ပို့တဲ့သူ ပြန်ပြောလိုက်တာက “ အော် မင်းက အမှန်အတိုင်းသိသွားပြီပေါ့.. ဒါဆိုလဲ မင်းအဖေအရင်းဖြစ်တဲ့ငါ့ကို လာပြီး ပွေ့ဖက်စမ်းပါကွာ” တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အမေရိကန် ပျော်ပွဲရွှင်ပွဲနေ့
တစ်ရက်မှာ
အိုစမာဘင်လာဒင်ဟာ ရှေ့ဖြစ်ဟော ဆရာမကြီးတစ်ဦးကို သွားတွေ့ပြီး သူဘယ်နေ့
သေမလဲဆိုတာကို သိချင်တယ်လို့ မေးပါတယ်.. ဆရာမကြီးက ရှင်ဟာ အမေရိကန်တွေရဲ့
ပျော်ပွဲရွှင်ပွဲနေ့တစ်နေ့မှာ သေလိမ့်မယ်လို့ ပြန်ဖြေပါတယ်. ဒီတော့
ဘင်လာဒင်က ဘယ်ပျော်ပွဲရွှင်ပွဲနေ့များလဲ… အမေရိကန်မှာက
ပျော်ပွဲရွှင်ပွဲနေ့တွေက သိပ်များတယ်လေ.. လို့ ပြန်မေးလိုက်တော့ ရှေ့ဖြစ်ဟော
ဆရာမကြီးက “အိုး အဲဒါကကိစ္စမရှိပါဘူး.. ရှင်သာသေလို့ကတော့ အဲဒီနေ့ဟာ
အမေရိကန်တွေရဲ့ ပျော်ပွဲရွှင်ပွဲနေ့ဖြစ်မှာ သေချာတယ် ” တဲ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အကြွေးဝယ်ကဒ်
လူတစ်ယောက်ဟာ
သူရဲ့ အကြွေးဝယ်ကဒ် ကုမ္ပဏီကနေ ဖုန်းခေါ်တာကို လက်ခံရရှိပါတယ်.. ဖုန်းထဲမှာ
သူ့ကိုပြောတာက “လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်မှာ ပုံမှန်မဟုတ်တဲ့နည်းနဲ့
ငွေသုံးထားတာတွေကို စစ်ဆေးတွေ့ရှိရပါတယ်.. ဒါကြောင့် လူကြီးမင်းဆီ
ကျွန်တော်တို့ဖုန်းဆက်တာပါ.. လူကြီးမင်းရဲ့ အကြွေးဝယ်ကဒ်ဟာ တစ်စုံတစ်ရာ
ပြဿနာများ ရှိနေပါသလားခင်ဗျာ.. ” လို့ ပြောပါတယ်..
သူက
“ဟုတ်ပါတယ်.. ကျွန်တော့် အကြွေးဝယ်ကဒ်ဟာ လွန်ခဲ့တဲ့ တစ်လကျော်လောက်ကတည်းက
အခိုးခံလိုက်ရပါတယ်..” လို့ပြန်ဖြေပါတယ်.. ဒီတော့ အကြွေးကဒ် ကုမ္ပဏီက
တာဝန်ရှိသူကလည်း “ဘာဖြစ်လို့ ကျွန်တော်တို့ဆီကို အဲဒီကဒ် ပျောက်ပျောက်ခြင်း
သတင်းမပို့တာလဲ ခင်ဗျာ” လို့ ပြန်မေးတော့သူက “ အကြွေးဝယ်ကဒ်က
ကျွန်တော့်ဆီမှာ ရှိနေလို့ ကျွန်တော့်မိန်းမ သုံးဖြုန်းတာထက်စာရင် သူခိုးက
အဲဒီကဒ်ကို ခိုးသွားပြီး သုံးပစ်တာက ကျွန်တော့်မိန်းမ သုံးတာထက် အများကြီး
သက်သာပါသေးတယ်ဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်..
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မှားသွားတဲ့ပန်းခြင်း
မှားသွားတဲ့ပန်းခြင်း
စီးပွားရေးလုပ်ငန်းသစ်တစ်ခု
ဖွင့်လှစ်တဲ့ပွဲမှာ လုပ်ငန်းပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ စီးပွားဖက်
မိတ်ဆွေတွေထံကနေ ဂုဏ်ပြု ပန်းခြင်းတွေ လက်ခံရရှိပါတယ်.. ဒါပေမဲ့
ထူးထူးခြားခြား သူလက်ခံရရှိတဲ့ ပန်းခြင်းတစ်ခုကတော့ “ ငြိမ်းချမ်းစွာ အိပ်စက်အနားယူနိုင်ပါစေ”
ဆိုတဲ့ အသုဘ အခမ်းအနားတွေမှာ ပေးပို့တဲ့ ပန်းခြင်းပေါ်က စာသားကို
တွေ့လိုက်ရပါတယ်.. စိတ်ဆိုးသွားတဲ့ လုပ်ငန်းပိုင်ရှင်ဟာ ပန်းဆိုင်ကို
ဖုန်းဆက်ပြီး ပန်းခြင်းပေါ်က စာကိစ္စကို သူမကျေနပ်ကြောင်း ဒီလို အမှားမျိုး
မဖြစ်သင့်ကြောင်း ပြောဆိုပါတယ်…
တစ်ဖက်က
ဖုန်းလက်ခံပြောဆိုတဲ့ ပန်းဆိုင်ရှင်ကလည်း “ ခုကိစ္စအတွက်
ကျွန်တော်တို့ဘက်ကလည်း အလွန်ကို စိတ်မကောင်းဖြစ်ရပါတယ်ဗျာ.. ဒီနေ့
ကျွန်တော်တို့ဆိုင်ဟာ အသုဘတစ်ခုကို ပန်းခြင်းပို့ဖို့လည်း လက်ခံထားမိပါတယ်.
ဒါကြောင့် ပန်းခြင်းမှားပြီး ပို့လိုက်တာ ဖြစ်ပါလိမ့်မယ်.. ဒါပေမဲ့ ခုလို
စိတ်ဆိုး ဒေါသဖြစ်နေမဲ့အစား ခင်ဗျားနဲ့ ပန်းခြင်း မှားသွားတဲ့ အသုဘရှင်တွေ
ဘက်ကလည်း ပြန်စဉ်းစားသင့်ပါတယ်.. ခင်ဗျားကိုပို့မဲ့ပန်းခြင်းကို မှားပြီး
သူတို့ လက်ခံရရှိခဲ့မယ်ဆိုရင် “ခင်ဗျားရဲ့ နေရာအသစ်အတွက် ၀မ်းမြောက်ဂုဏ်ယူပါတယ် ” ဆိုတဲ့
စာသားကြီးပါနေတဲ့ ပန်းခြင်းအတွက် သူတို့တွေ ဘယ်လိုများ နေမလဲဆိုတာ
စဉ်းစားလိုက်မယ်ဆိုရင် ခု ခင်ဗျား ဖြစ်ရတဲ့ စိတ်ကသိကအောက်က အများကြီး
တော်ဦးမှာပါဗျာ လို့ပြောလိုက်ပါတယ်..
~~~အစိမ်းရောင်လွင်ပြင်မှ ကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ-------
No comments:
Post a Comment